spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကုန်စည်သယ်ယူပို့ဆောင်တဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို သတ်မှတ်ထားတဲ့နေရာမှာ Quarantine (၂၁)ရက်ထားရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်းကို ပြန်လည်ဝင်ရောက်လာတဲ့ ကုန်စည်သယ်ယူဆောင်နေကြတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို သတ်မှတ်ထားတဲ့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှာ (၂၁)ရက်ထားရှိတယ်လို့သိရပါတယ်။

ကုန်စည်ပို့ဆောင်မယ့်ယာဉ်ကို မောင်းနှင်တဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝင်/ထွက်စစ်ဆေးရေးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး ဝင်/ထွက်ခွင့်ပြုဖို့နဲ့ လုပ်ငန်းဆောင်ရွက်ပြီးပြီဆိုရင် လုပ်ငန်းခွင်အပြင်ဖက် အခြားနေရာတွေကို သွားရောက်ခွင့်မပြုတော့ဘဲ သတ်မှတ်ထားတဲ့နေရာမှာပဲနေရမှာဖြစ်တယ်လို့သိရပါတယ်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ အကြောင်းကြားလာမှုနဲ့ပတ်သက်ပြီး စနစ်တကျစိစစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ မေလ ၉ ရက်နေ့မှာ ကုန်စည်သယ်ယူပိုှ့ဆောင်ရေး ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။

မေလ ၉ ရက်နေ့မတိုင်ခင်ကတည်းက ကုန်စည်ဆွဲနေကြတဲ့ ယာဉ်မောင်းတွေအတွက် ကြိုတင်အသိပေးခြင်းမရှိခဲ့သလို ကားထွက်မယ့်နေ့ကျမှသိရပြီးပြည်နယ်အစိုးရသတ်မှတ်ထားတဲ့နေရာမှာနေရတဲ့အတွက် အစားအသောက် နေရာထိုင်ခင်း အဆင်မပြေဘူးလို့ သတ်မှတ်ထားတဲ့နေရာမှာ မေလ ၁၁ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ ယာဉ်မောင်း ကိုမျိုးမြင့်သန်းက ပြောပါတယ်။

“သူတို့စီစဉ်ပေးသင့်တာပေါ့ ကျတော်တို့လည်း ကျတော်တို့သဘောနဲ့လာနေတာမှမဟုတ်တာ သူတို့ထားလို့ ကျတော်တို့လာနေတယ်။ နောက်ပြီးတော့ သူတို့ကြိုတင်ပြီးမထုတ်ပြန်တဲ့အတွက်ကြောင့် ဒီမှာလာတဲ့ ဆွဲနေတဲ့ကားတွေမှာ အနှောက်ယှက်ဖြစ်သွားတာပေါ့ ဘာလို့လဲဆိုတော့ ကြိုတင်ပြေားထားတယ်ဆိုရင် ကားသမားတွေက ထွက်သင့်မထွက်သင့် စဉ်းစားဆုံးဖြတ်မှာပေါ့” လို့ ၎င်းကပြောပါတယ်။

မေလ ၁၀ ရက်နေ့က ပြည်နယ်အစိုးရထုတ်ပြန်ထားချက်အရ မေလ၁၀ရက်နေ့မှစပြီး ကုန်စည်ပို့ဆောင်မယ့် ယာဉ်များ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်တွေကို လွိုင်ကော်မြို့ရှိ အမှတ်(၆)အခြေခံပညာကျောင်းတွင် ထားရှိရန်၊ ရောက်ရှိလာတဲ့ကုန်ပစ္စည်းတွေကို သက်ဆိုင်တဲ့လုပ်ငန်းရှင်တွေမှ ကျောင်းဝန်းထဲမှာ သွားရောက်သယ်ယူရမှာဖြစ်ပါတယ်။

ပြည်နယ်ကနေ ကားမထွက်ခင်မှာလည်း မြို့နယ်ထွေအုပ်ရုံးမှာ ကားထွက်ခွင့်လက်မှတ်ယူပြီး သွားရလို သက်ဆိုင်တဲ့ ဂိတ်အသီးသီးမှာလည်း ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ရတယ်လို့ သိရပါတယ်။

သတ်မှတ်တဲ့နေရာမှာနေရတဲ့ ကားသမားအားလုံးဟာ ပြည်နယ်အတွင်းက ဒေသခံကားသမား၊ ယာဉ်နောက်လိုက်တွေဖြစ်ကြပြီး ပြည်နယ်ထဲကိုကားဝင်တာနဲ့ အမှတ်(၆) အထကကျောင်းမှာ Quarantine ဝင်ပြီး ပြည်နယ်ပြင်ပကဝင်လာတဲ့ကုန်စည်ကားတွေကတော့ မြို့တွင်းပစ္စည်းချတာနဲ့ ပြန်ခွင့်ရှိတာကြောင့် ပြည်နယ်အစိုးရအနေနဲ့ တိတိကျကျဆောင်ရွက်ပေးစေချင်တယ်လို့ ကားသမားတွေကပြောဆိုကြပါတယ်။

နယ်ခံယာဉ်မောင်းတစ်ဦးကလည်း “အိမ်ကမိသားစုအတွက် စားဝတ်နေရေးအတွက် ကားမောင်းစားရတယ် တစ်ဖက်တစ်လှမ်းကလည်း ကုန်စည်စီးဆင်းမှုရှိအောင် သွားလာပေးရတယ် ပြည်နယ်အစိုးရက အဆင်ပြေအောင်ညှိပေးရမှာ အခုကားသမားတွေ တော်တော်ဒုက္ခရောက်တယ်” လို့ ဆိုပါတယ်။

ကုန်စည်ယာဉ်မောင်းတွေအနေနဲ့ Quarantine (၂၁)ရက်မဝင်ဘူးဆိုရင် ပြည်နယ်ပြင်ပကို ကုန်စည်သယ်ယူပို့ဆောင်ဖို့အတွက် ကားထွက်ခွင့်လက်မှတ်ယူပြီး ပြန်ထွက်လို့ရပါတယ်။

ယာဉ်မောင်းမျိုးမြင့်သန်းက “ကားသမားတွေတော့ထွက်ဖို့တော်တော်စဉ်းစာမှာပေါ့ တချို့အဆင်သင့်ရှိတဲ့သူတော့သွားကြမှာပေါ့ ကျတော်တို့မထွက်တော့ဘူး” လို့ဆက်ပြောပါတယ်။

ပြည်နယ်အတွင်း ဝင်/ထွက် သွားလာကြမယ့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေက ပြည်နယ်အစိုးရကထုတ်ပြန်ထားတဲ့အတိုင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးတွေရဲ့ ခရီးသွားထောက်ခံချက် ရှိမှ သွားရမယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts