spot_imgspot_imgspot_imgspot_img
Saturday, December 21, 2024
spot_imgspot_imgspot_imgspot_img

ကေးဖိုးဒူ ကျောင်းရန်ပုံငွေ အတွက် သဘာဝမြေသြဇာ ခေါ် (ဘိုကာရှီ) ပြုလုပ်ရောင်းချ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့အနောက်ဖက်ခြမ်းမှာ ဖွင့်လှစ်ထားတဲ့ ကေးဖိုးဒူကျောင်းဟာ ကျောင်းရန်ပုံငွေရရှိနိုင်ရန်အတွက် သဘာဝမြေသြဇာဖြစ်တဲ့ ဘိုကာရှီကို လက်တွေ့ပြုလုပ်ပြီး ရောင်းချနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကေးဖိုးဒူကျောင်း ရဲ့ဒါရိုက်တာတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အခုကကျနော်တို့ကေးဖိုးဒူကျောင်းလည်ပတ်ဖို့အတွက် ရန်ပုံငွေတွေ လိုနေတယ်။ ကျနော်တို့ တိကျရှင်းလင်းတဲ့ထောက်ပံ့မှုမျိုးမရတဲ့အတွက်ကြောင့် ကျနော်တို့ကျောင်းလည်ပတ်ဖို့ ကျောင်းတက်တဲ့သူတွေ အပေါ် အများကြီးမူတည်သလို ဒီကျောင်းကိုစီမံခန့်ခွဲတဲ့သူတွေအပေါ်မူ တည်တဲ့အတွက် ကျနော်တို့ရန်ပုံငွေတစ်စုံတစ်ရာရရှိအောင်ဆိုပြီး ကျနော်တို့ ဘိုကာရှီပြုလုပ်ပြီး ရန်ပုံငွေရှာဖို့အစီအစဉ်ဖြစ်လာတာပါ”လို့ ကျောင်းဒါရိုက်တာတစ်ဦးက ပြောပါတယ်။

လက်ရှိ ပြုလုပ်နေတဲ့ အစီအစဉ်မှာလည်း ကေးဖိုးဒူကျောင်း တာဝန်ရှိသူတွေအပြင် ကရင်နီတောင်သူလယ်သမား သမဂ္ဂအဖွဲ့တွေဆီက လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေနဲ့ အစီစဥ်ကို ဆောင်ရွက်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ ပြုလုပ်တဲ့ ရန်ပုံငွေအစီအစဥ်ကို တောင်သူလယ်သမားတွေ အတွက် အချိန်မီ ဖြန့်ဖြူးနိုင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ကျောင်းဒါရိုက်တာက ဆက်ပြောပါတယ်။

“အဓိက စိုက်ပျိုးရာသီ တောင်သူလယ်သမားတွေကို အချိန်မှီဖြန့်ဖြူးနိုင်အောင် ရောင်းချနိုင်အောင် ကျနော်တို့ ကြိုးစားသွားမှာဖြစ်တယ်ပေါ့”လို့ သူကဆက်ပြောပါတယ်။

ဘိုကာရှီပြုလုပ်ပြီး ပြန်လည်ရောင်းချတဲ့အပေါ် ကျောင်းအတွက် ရံပုံငွေရရှိမည့်အပြင် တောင်သူလယ်သမားတွေအတွက် ဘေးထွက်ဆိုးကျိုးမှုမရှိတဲ့ သဘာဝမြေသြဇာကို ရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာ ကေးဖိုးဒူကျောင်းဟာ အပတ်စဥ် ၃ထိရောက်ရှိပြီဖြစ်ပြီး အခုပြုလုပ်တဲ့ ရံပုံငွေအစီစဥ်မှာ အပတ်စဥ် ၃က ‌‌ကျောင်းသား ၄၅ဦးက ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts