spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ ဆေးခန်းတွေကို တိုးချဲ့လာ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ဖယ်ခုံမြို့နယ်၊ ကယန်းဒေသအတွင်းက ကျေးရွာတွေမှာရှိတဲ့ လူထုတွေကို ကျန်းမာရေးစောင့်ရှောက်မှု ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့အတွက် ပိုမိုဆောင်ရွက်နေတယ်လို့ ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဆေးခန်းအလုံးရေ ၁၃လုံး တိုးချဲ့ ဖွင့်လှစ်နိုင်ပြီး လက်ရှိမှာ ကယန်းဒေသအတွင်း ဆေးခန်း အလုံးရေပေါင်း ၂၁လုံး အထိရှိနေပြီလို့ ဆိုပါတယ်။

“ဒီအာဏာမသိမ်းခင် ၂၀၂၁ မတိုင်ခင်အထိပေါ့နော် ဆေးခန်း ၈ လုံးနဲ့ လည်ပတ်တယ်။ ၂၀၂၁ ခုနှစ်‌ကနေ ၂၀၂၃ အထိတော့ ၉ လုံး ထပ်မံတိုးချဲ့ခဲ့တယ်။ ဒီ၂၀၂၄ အတွင်းမှာတော့ ၄လုံး ထပ်မံတိုးချဲ့တယ်။ လက်ရှိစုစုပေါင်း ဆေးခန်းက အလုံး ၂၁လုံးထိ တိုးချဲ့ဆောင်ရွက်ထားနိုင်ပြီပေ့ါနော်။ ဆေးခန်းအထိုင်လည်းဖွင့်တယ်။ ဒုတိယတစ်ခုက နယ်လည့်ဆေးကုသမှုလည်း ဆောင်ရွက်နေဆဲဖြစ်တယ် ”လို့ KNHC အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ အဖွဲ့အစည်းတွေ လက်လှမ်းမမှီနိုင်တဲ့နေရာတွေမှာ လူထုတွေရဲ့ အခြေခံကျန်းမာရေးကို စောင့်ရှောက်နိုင်ဖို့ ရည်ရွယ်ပြီး ကယန်းဒေသအတွင်း ဆေးပေးခန်း နှစ်လုံးကို တိုးချဲ့ဖွင့်လှစ်ထားပါတယ်။ ကျေးရွာ ၈ ရွာက လူထု (၂၂၇၀)ဦး လက်လှမ်းမှီတဲ့ နေရာမှာ ဆေးခန်းတစ်လုံး နဲ့ ကျေးရွာ ၄ ရွာ က လူဦးရေ (၁၈၀၀) ကျော် လက်လှမ်းမှီနိုင်တဲ့ နေရာမှာ တစ်လုံး ရှိတယ်လို့ ဆိုပါတယ်။

အခုလို ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပိုမိုဆောင်ရွက်လာခြင်းအားဖြင့် ပြည်သူလူထုတွေရဲ့ အသက်ဆုံးရှုံးမှုတွေကို လျော့နည်းလာစေတယ်လို့ KNHC အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“အခုလို ဆေးခန်းမဖွင့်နိုင်ခင်တုန်းကဆို ကျမတို့ဒေသမှာက ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျော၊ တုတ်ကွေးရောဂါတွေ မွေးမိခင် မွေးကင်းစကလေးတွေက နည်းစနစ်တကျ ကုသပြုစောင့်ရှောက်မှုမရှိခဲ့ကြတာကြောင့်လည်း အသက် ဆုံးရှုံးသွားကြတာတွေရှိတယ်။ ကျန်းမာရေးဆေးခန်းတွေ ဖွင့်နိုင်ပြီးတဲ့ နောက်ပိုင်းမှာတော့ လူထုတွေအတွက် ဘယ်လောက်အရေးပါနိုင်လဲပြောရင် လူနာတွေကို အချိန်မှီ ကုသပေးနိုင်တဲ့အတွက် တစ်ရွာလုံး ကူးစက်ရောဂါတွေဖြစ်ရင်လည်း လူအသေအပျောက် နည်းပါးလာတာတွေ မွေးလူနာတွေလည်း အသေအပျောက်နည်းပါးလာတာတို့ ဆေးရုံဆေးခန်းသွားဖို့လည်း ပိုနီးတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ဖို့ ပိုအဆင်ပြေလာတာပေါ့”လို့ သူက ဆိုပါတယ်။

ကယန်းဒေသအတွင်းမှာ ဆေးခန်းတိုးချဲ့ မဖွင့်လှစ်နိုင်ခင် လမ်းပန်းဆက်သွယ်ရေးအရ သော်လည်းကောင်း ၊ စီးပွားရေးအခြေအနေကြောင့်သော် လည်းကောင်း လူနာတွေ ဆေးရုံ ၊ ဆေးခန်းလက်လှမ်းမီနိုင်ဖို့ ခက်ခဲကြပေမယ့် လက်ရှိမှာတော့ ပိုမို အဆင်ပြေလာတယ်လို့ KNHC အဖွဲ့က ပြောဆိုပါတယ်။

spot_img
spot_img

Recent posts