spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

ကျောင်းရှေ့လက်နက်ကြီးကျပြီးနောက် စစ်ဘေးရှောင်စာသင်ကျောင်း နေ့တစ်ပိုင်းသာဖွင့်လှစ်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ သြဂုတ်လအတွင်း ကိုယ်ထူကိုယ်ထ စစ်ဘေးရှောင်ကျောင်းတစ်ကျောင်းရှေ့မှာ လက်နက်ကြီးကျခဲ့ပြီးနောက် လက်ရှိမှာတော့ မနက်နေ့တစ်ပိုင်းသာ ကျောင်းဖွင့်လှစ်တော့တယ်လို့ ကျောင်းဆရာမတစ်ဦးကပြောပါတယ်။

“ကျွန်မတို့ကဘာတွေစိုးရိမ်နေရလဲဆိုရင် အထူးသဖြင့်က လက်နက်ကြီးပေါ့နော။ ကျောင်းသာတက်နေရပေမယ့် လက်နက်ကြီးကဘယ်ချိန်ဘယ်နေရာမှာ အ့မျိုးလာမလဲဆိုတာ မသိနိုင်တဲ့အတွက်ကြောင့်ပေါ့နော။စိုးရိမ်မှုတွေအများကြီးနဲ့ကျွန်မတို့ကစာဆက်သင်နေရတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ရဲ့ ကလေးလည်း ပညာရေးမနှောင့်နှေးစေရန်အတွက် လုံခြုံမှုမရှိပေမယ့်လည်း စိုးရမ်မှုတွေအများကြီးရှိပေမယ့်လည်း ကျွန်မတို့ကကြိုးစားပြီးတော့ ဆက်လက်သင်ကြားပေးနေတယ်ပေါ့နော” လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

ကျောင်းရှေ့မှာ လက်နက်ကြီးကျခဲ့ပြီးနောက် ကျောင်းအမိုးလည်းပေါက်ပြဲသွားတယ်လို့ ဆိုပါတယ်။ ကျောင်းပိတ်ရက်အတွင်းကျခဲ့တာဖြစ်လို့ လူအထိအခိုက်တော့မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ကိုယ်ထူကိုယ်ထ စစ်ဘေးရှောင်စာသင်ကျောင်းမှာ တက်ရောက်ကြတဲ့ ကျောင်းသားပေါင်း (၃၀၆) ဦးရှိခဲ့ရာ လက်နက်ကြီးကျပြီးနောက်ပိုင်း (၂၂၂) ဦးသာ ကျောင်းလာတက်တော့တယ်လို့ ကျောင်းဆရာတွေထံကနေ သိရပါတယ်။

ဇူလိုင်လ နောက်ဆုံးပတ်နဲ့ သြဂုတ်လအတွင်း အဲ့ဒီစစ်ရှောင်စခန်းမှာ လက်နက်ကြီး ၇လုံးထက်မနည်းကျရောက်ခဲ့ပြီး ၁၀နှစ်အရွယ် Grade-3 ကျောင်းသားတစ်ဦးဒဏ်ရာရခဲ့သလို ၁၃နှစ်အရွယ် Grade-7 ကျောင်းသူတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားထိခိုက်သေခုံးမှုလည်းရှိခဲ့ပါတယ််။

စစ်ဘေးရှောင်စခန်းအပြင် ကျေးရွာအတွင်း စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုက ဩဂုတ်လအတွင်း ၁၀ဦးထက်မနည်းရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့စာရင်းအရ သိရပါတယ်။

spot_img
spot_img