spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

ကျောင်းဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဆရာမ နေထိုင်တဲ့အိမ် ထိခိုက်ပျက်စီး၊ ကျောင်းကို ယာယီပိတ်ထားရ

လက်နက်ကြီးထိပြီး ပျက်စီးသွားနော အဆောက်အဦး
လက်နက်ကြီးထိပြီး ပျက်စီးသွားနော အဆောက်အဦး
လက်နက်ကြီးထိပြီး ပျက်စီးသွားနော အဆောက်အဦး
လက်နက်ကြီးထိပြီး ပျက်စီးသွားနော အဆောက်အဦး
လက်နက်ကြီးထိပြီး ပျက်စီးသွားနော အဆောက်အဦး
လက်နက်ကြီးထိပြီး ပျက်စီးသွားနော အဆောက်အဦး
လက်နက်ကြီးထိပြီး ပျက်စီးသွားနော အဆောက်အဦး

CJ / ကန္တာရဝတီတိုင်း(မ်)

 ယနေ့ ( စက်တင်ဘာ လ ၇ ရက်နေ့) နေ့လည် ၁ နာရီခွဲအချိန်မှာ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတနေရာမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကျောင်းဆရာမ နေထိုင်တဲ့ နေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

 “လူတွေထိခိုက်တာတော့မရှိဘူးပေါ့။ ဒါပေမဲ့တွေ့တဲ့တိုင်းဘဲ ဆရာမတစ်ဦးနေတဲ့အိမ်ထိသွားတယ်ပေါ့ ပစ္စည်းတွေ အဝတ်အစားတွေလဲ ရစရာမရှိတော့ဘူးပေါ့။” လို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်မှာ နေထိုင်တဲ့ ကျောင်းဆရာမဟာ CDM ပြုလုပ်ထားသူ ဖြစ်သလို ကိုယ်ဝန်ဆောင် မိခင်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

စာသင်ဖို့ ကျောင်းကို သွားပြီးနောက်မှာ လက်နက်ကြီးကျရောက်ပြီး သူမနေထိုင်တဲ့ အိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းကို ယာယီပိတ်ထားမယ်လို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

” တစ်လပိုင်းတိုက်ပွဲဖြစ်တုန်းကလဲ ကျောင်းပိတ်လိုက်ရတယ်။ ၆လပိုင်းပြန်စတော့ ပိတ်လိုက်ဖွင့်လိုက်ဘဲ။ အခုကျတော့လဲ လက်နက်ကြီးကျတော့ ရက်အတော်ကြာတော့နားရမယ်ထင်တယ်။ လုံခြုံရေးအရတော့ တစ်လလား၊ နှစ်လလားတော့မသိဘူး အခြေနေကောင်းရင်တော့ ပြန်ဖွင့်ရမှာပေါ့” လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်အတွင်းရှိ နေရာဒေသတွေကို တိုက်ပွဲဖြစ်ပွါးခြင်း မရှိပဲ လက်နက်ကြီးတွေ နေ့စဥ် ပစ်ခတ်နေတာ ဖြစ်ပါတယ်။

spot_img
spot_img