အရင်က ကျောက်ချောလမ်းမရှိသေးတဲ့အတွက် ရွာသူရွာသားတွေအနေနဲ့ အခက်အခဲများစွာ ရှိခဲ့ပြီး မိုးရာသီကာလမှာ ကား၊ ဆိုင်ကယ် စီးမောင်းနိုင်ခြင်းမရှိဘဲ ခြေလျင်သာ လျှောက်ရတယ်လိုု့ ပြောပါတယ်။
ဒါကြောင့် ရွာရဲ့လမ်းပန်းဆက်သွယ်ရေးအခြေအနေကို သက်ဆိုင်တဲ့ဌာနဆိုင်ရာကို တင်ပြတောင်းခံရာမှာလည်း ဘတ်ဂျတ်အခြေအနေအရ ပြုပြင်ဆောက်လုုပ်ပေးနိုင်ခြင်း မရှိခဲ့ဘဲ ၂ နှစ်ကြာတဲ့အခါမှ ဂျပန်နိုင်ငံအစိုးရရဲ့ အသေးစားစီမံကိန်း ထောက်ပံ့ရေးအစီအစဉ်နဲ့ ပြုပြင်ဆောက်လုုပ်နုိုင်ခဲ့တယ်လိုု့ ပြောပါတယ်။