spot_imgspot_imgspot_imgspot_img
Tuesday, April 1, 2025
spot_imgspot_imgspot_imgspot_img

ငလျင်ဘေးသင့်ပြည်သူတွေ ကရင်နီပြည်တွင်းလာရောက်ခိုလှုံနိုင်တယ်လို့ IEC ပြော

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ရစ်ချ်တာ ပြင်းအား ၇ ဒသမ ၇ နဲ့ လှုပ်ခတ်ခဲ့တဲ့ ပြင်းအားအလွန်ကြီးမားတဲ့ ငလျင်ဘေးသင့်လူထုတွေကို ကရင်နီပြည်တွင်းသို့ လာရောက်ခိုလှုံနိုင်တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဒီကနေ့ မတ်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်အတွင်းရှိ အင်အားစုတွေနဲ့ ပူးပေါင်းပြီး IEC ကငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုရှိတဲ့ ပြည်သူတွေကိုပံ့ပိုးကူညီသွားမယ်လို့ လည်းဆိုပါတယ်။

“လူသားချင်းစာနာထောက်ထားမှုကို အခြေပြုပြီးတော့မှ ကျနော်တို့ ပြည်နယ်ထဲကို ခိုလှုံခွင့်ကို ပေးခြင်းဖြစ်တယ်။ လာရောက်နေထိုင်တဲ့သူတွေက သက်ဆိုင်ရာဌာန ၂ ခုကိုအကြောင်းကြားပြီးတော့မှ ဝင်ရောက်နေထိုင်နိုင်ပါတယ်”လို့ IEC အတွင်း‌ရေးမှူး -၂ ဦးဗညားက ပြောပါတယ်။

ပြည်နယ်တွင်းကိုလာရောက်ခိုလှုံမယ့် ငလျင်ဘေးသင့် ပြည်သူတွေကိုလည်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ ပြောပါတယ်။

မတ်လ ၂၈ ရက်နေ့မှလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့ပြင်းအားကြီး ငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းသေဆုံးသူ ၁၀၀၂ ယောက်ရှိနေပြီလို့လည်း စစ်ကောင်စီက ဒီကနေ့မွန်းလွဲပိုင်းမှာထုတ်ပြန်ထားခဲ့ပါတယ်။

ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လူနေအဆောက်အဦး ၂၉၇၀ ထိခိုက်ပျက်စီးခဲ့ပြီး ဘုရားစေတီ ၁၀၀ နီးပါး၊ ဗလီ ၅၀ ကျော် ပျက်စီးခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေး အစိုးရ NUG ကဒီကနေ့မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတို့အနေနဲ့လည်း ငလျင်ဘေးသင့်ပြည်သူလူထုတွေကို လူသားချင်းစာနာထောက်ထား‌ရေးဆိုင်ရာအကူအညီတွေ ပံ့ပိုးပေးဖို့လည်း IEC က တစ်ပါတည်း တောင်းဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts