spot_imgspot_imgspot_imgspot_img
Thursday, April 3, 2025
spot_imgspot_imgspot_imgspot_img

ငလျင်လှုပ်ပြီးနောက် ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ မြေပြိုကျပြီး တွင်းတစ်ခု ဖြစ်ပေါ်လာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ဆက်တွဲ အနေနဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှာ အကျယ်နဲ့ အနက် ပေ တစ်ရာဝန်းကျင် ရှိတဲ့ တွင်းတစ်ခုဖြစ်ပေါ်လာပါတယ်။

“၂၉ရက်နေ့ကစပြိုတာပေါ့။ ဒီရက်နဲ့ဆို လေးရက်ရှိသွားပြီးပေါ့။ မြေက စစပြိုချင်းအကျယ်က ဘယ်လောက်မှ မရှိဘူးပေါ့ ကျနော်ထင်တယ်။ အချင်းဆိုရင် ပေအစိတ် သုံးဆယ်လောက်ပဲရှိမယ်။ စစချင်းက မဝိုင်းစက်နေဘူး။ အရှည်လိုက် အက်ကြောင်းပုံစံဆင်းသွားတာပေါ့။ အဆင်းက ဆယ်ပေ ဆယ့်ငါးပေလောက်ပဲရှိအုံးမယ်။ အဲ့နောက်ပိုင်း တောက်လျှောက်ပြိုသွားတာ အဲ့မျိုး” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

မတ်လ ၂၉ ရက်နေ့မှာ မြေအက်ကွဲကြောင်းရာကနေတဆင့် မြေတွေကျွံကျရာကနေ တွင်းအဖြစ်ကို ရောက်ရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၁ရက်နေ့ တွေ့ရှိချက်အရ အချင်း ပေတစ်ရာ ဝန်းကျင်ကျယ်ဝန်းပြီး အနက်ပေတစ်ရာအထိရှိလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးလေဝါသပညာရှင် ဦးဝင်းနိုင်ကတော့ ဒီတွင်းဟာ sinkhole ဖြစ်နိုင်ကြောင်း သူ့ရဲ့ လူမှုကွန်ယက် စာမျက်နာမှာရေးသားထားပါတယ်။ sinkhole ဆိုတာဟာ အပေါ်ယံမြေဆီလွှာတွေ မြေအောက်ကို ကျွံကျ သွားတဲ့ တွင်းပေါက်တွေဖြစ်ပြီး ဖြစ်ရတဲ့ အကြောင်းရင်းတွေက ငလျင်ဒဏ်၊ မိုးဒဏ် ၊ မြေလွှာ ပြောင်းလဲမှုတွေကြောင့် ဖြစ်တတ်တယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ တွင်းနက်ဟာ ယခုထက်ပိုပြီး ပြိုကျ ကျယ်ဝန်းလာနိုင်တယ်လို့ ခန့်မှန် ပြောဆိုနေကြပါတယ်။

spot_img
spot_img
spot_img

Recent posts