ကန္တာရဝတီတိုင်း(မ်)
စစ်ကောင်စီကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက စစ်ရှောင်စခန်းနဲ့ ကျေးရွာထဲ မကြာခဏ ကျရောက်မှုရှိပြီး လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေရှိနေပါတယ်။ နေထိုင်တဲ့အနီး လက်နက်ကြီးကျရောက်နေမှုအပေါ် ဒေသခံတွေ ဘယ်လိုစိုးရိမ်ပူပန်နေမှုတွေရှိပါသလဲ။
စစ်ရှောင်အမျိုးသမီးတစ်ဦး
“ကြောက်တာတော့ကြောက်တယ် ဒါပေမယ့် ပြေးဖို့ဆိုလည်းမပြေးနိုင်တော့ဘူး။ ဒါကြောင့်မလို့ ဘယ်မှာပဲပြေးပြေး လက်နက်ကြီးကကျတာပဲကော။ ဒါကြောင့်မလို့ ကံတရားပဲလို့ ဒီဟာနဲ့သေကံပါရင် ပြောလည်း ကံတရားပဲဆိုပြီးတော့မှ ဘယ်မှမသွားတော့ဘဲ ဒီမှာနီးနီးကျတယ် ဒါပေမယ့် ဘယ်မှမပြေးတော့ဘူး ဒီမှာပဲဆက်နေတယ် အဲ့မျိုးပေါ့နော။”
ကျေးရွာဒေသခံအမျိုးသားတစ်ဦး
“နှစ်ခါမကတော့ဘူး သုံးခါ လေးခါလောက်ရှိပြီ။ ဆိုတော့ ကျနော်တို့စိုးရိမ်မှုက ဘယ်လိုမှမပြောတတ်တော့ဘူး။ အတိုင်းထက်အလွန် တကယ်ကြောက်ရတယ် စိုးရိမ်ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ရွာထဲမှာနေဖို့တောင်မှ သိပ်မနေရဲတော့ဘူးပေါ့နော။ အထူးသဖြင့် ကလေး၊ မိန်းမ ပြီးတော့မှ မသွားမလာနိုင်တဲ့ အဖိုးအဖွားတွေပေါ့နော။ တအားစိုးရိမ်ရတယ် ကျနော်တို့။ ရွာထဲမှာ အဲ့လိုမျိုး ကျတဲ့အချိန်မှာ သက်ကြီးရွယ်အိုအနေနဲ့ပေါ့နော တော်တော်လန့်ဖြန့်တဲ့ အခြေအနေမျိုးရှိတော့ တစ်ခါတစ်လေ ရှယ်ဖျားတဲ့အနေအထားမှာရှိတယ်။ နောက်ပြီးတော့ ဒီလိုမျိုး ရွာထဲမှာကျတော့ နင်းခါနင်းခါကျတော့ အဝေးကနေ ကျတဲ့ ဗုံးသံ၊ သေနတ်သံတောင်မှ ကျနော်တို့သွေးက ပုံမှန်သွေးမဟုတ်တော့ဘူး။ လန့်တဲ့သွေးမျိုးဖြစ်နေပြီ။ ဆိုတော့ စိုးရိမ်မှုဆိုတဲ့ဟာ တစ်ရွာလုံးပေါ့နော စိုးရိမ်ရတယ်။”
စစ်ရှောင်အမျိုးသမီးတစ်ဦး
“အသံတွေစလာတယ် လာတဲ့အချိန် ဝူး….ဆိုပြီးတော့လေ ဘာသံလဲဆိုပြီးတော့ ထွက်ကြည့်တာပေါ့နော။ ဒုန်း..ဆို ကိုယ့်တဲဘေးမှာကျလာတော့ ငါ့သမီးကော ငါ့သားကော အဲ့ချိန်ဆို ပြာယာတွေခတ် ငါ့ကလေးကော ဆိုပြီးတော့ လိုက်ရှာတယ် ကလေးတွေ့ပြီဆိုတာနဲ့ ကလေးတွေကိုချီ ပြေးလာပြီ ဂူထဲမှာ။ တအောင့်နေတော့ ထပ်ကြားရ ဂူထဲမှာပုန်းနေတယ် အသံတောင်မထွက်ရဲဘူးလေ။ အဲ့ဒီအချိန် ဘယ်လောက်ထိကြောက်ရလဲဆိုရင် ကိုယ့်ကိုယ်ကို သေများသေနေပြီလားပေါ့နော။ ကိုယ့်ကလေးကိုကြည့်တယ်ဆိုရင်လည်း အေပေါ့ သူတို့ခမျာလည်း ကြောက်ကြောက်နဲ့ ငိုတယ်။ သူတို့လည်း ငို ကိုယ်လည်းငိုချင်တယ်ပေါ့နော။ ကိုယ်လည်းပင်ပန်းတယ် သူတို့ကိုကြည့်တာ။”
ကျေးရွာဒေသခံအမျိုးသားတစ်ဦး
“အကြောင်းမဲ့တိုက်ခိုက်တာလို့ ပြောလို့ရတယ်ပေါ့နော။ တကယ်တမ်းလက်နက်ကြီးကျတယ်ဆိုတာ စစ်မြေပြင် ပစ်ကွင်းမှာပဲပစ်ရမှာပေါ့။ အခုဟာက ပြည်သူနေတဲ့နေရာကို သက်သက်မဲ့အကြောင်းမဲ့ ရက်ရက်စက်စက် ပစ်ချတာ လုပ်ခံရခါကျတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့ အင်မတန်မှခံပြင်းတယ်လို့ပြောချင်တယ်။ အမှန်တရားတိုက်ခိုက်မှုလို့လည်း ကျနော်တို့မဆိုလိုနိုင်ဘူးပေါ့။ ရက်စက်ယုတ်မာတဲ့ရက်စက်မှုမျိုးလို့ အဲ့လိုပြောချင်ပါတယ်။ ဘယ်သူမဆို စိတ်ဒဏ်ရာရတာပေါ့ ဘယ်လိုပြောမလဲ ဒေသခံတွေက အများအားဖြင့် အသံကြားတာနဲ့ စိတ်ဒဏ်ရာတို့ တချို့ နှလုံးရောဂါတို့ဖြစ်နိုင်ခြေ ဖြစ်တာများတာပေါ့ ဒီဒဏ်ကိုမခံနိုင်ကြဘူးပေါ့။ အထူးသဖြင့် ဒီသန်းခေါင်အချိန် လက်နက်ကြီးကျတာက ပိုပြီးစိုးရိမ်ရတာပေါ့။ ဘာလို့လဲဆိုရင်တော့ ဒီအချိန်မှာ လူတွေက အိပ်ပျော်နေတဲ့အချိန် အိပ်မောကျနေတဲ့အချိန်ဆိုတော့ အင်မတန်မှစိုးရိမ်ရပါတယ်။”