spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ကူတောင်းပေမဲ့ မပေါ်လာတဲ့အတွက် လက်နက်ချဖို့ ဆုံးဖြတ်ခဲ့တဲ့ ဗိုလ်ကြီးကောင်းမြတ်ကို

ကန္တာရဝတီတိုင်း(မ်)

“နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တဲ့ချိန်က ၁၃ရက်နေ့ညဖြစ်တာပေါ့နော ၁၄ရက်နေ့ မနက် ၁၀နာရီခွဲလောက်မှာ ၄၂၅ တပ်ရင်းနဲ့ ကျနော်တို့ ခမရ ၆ နဲ့ နှစ်ရင်းပေါင်း တပ်ရင်းမှူးတွေကော ဒုတပ်ရင်းမှူးတွေကော မရှိတော့ဘူး ကျသွားပြီပေါ့။ ကျနော်ဦးစီးပြီးတော့ အကောင်းဆိုလို့ ၄ယောက်လောက်ပဲရှိတော့တယ် ကျန်တဲ့သူက လူနာတွေဖြစ်နေပြီ။ အဲ့ကစနေ စပြီးတော့ ကျနော် စစ်ကူတော့တောင်းတယ်ဗျ။ ဒါမဲ့ တပ်ကူက ညနေ ၃ နာရီအထိ ပေါ်မလာဘူး။ ဒါ ကိုယ့်အဖွဲ့အစည်းက ကိုယ့်အပေါ်ကို ဒီလောက်တောင် ဟိုဟာ မဖြည့်ပေးနိုင်ဘူးလားဆိုပြီးတော့ ကျနော်လည်း လက်နက်ချဖို့ ဆုံးဖြတ်လိုက်တာ။”

လွိုင်ကော်တက္ကသိုလ်ဝန်းထဲ ထိတွေ့တိုက်ပွဲအတွင်း တပ်ခွဲမှူး ဗိုလ်ကြီး ကောင်းမြတ်ကို ဦးစီးတဲ့ စစ်ကောင်စီတပ်သား (၃၂) ဦးက နိုဝင်ဘာ လ ၁၄ ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုထံ လက်နက်ချ အညံ့ခံခဲ့ပါတယ်။

ဗိုလ်မှူး ကောင်းမြတ်သူ လက်နက်ချ အညံ့ခံခဲ့တဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ပြောကြားထားတဲ့ ရုပ်သံဖိုင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေအနေနဲ့ အချိန်မီ လက်နက်အပ် CDM ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ စစ်ကောင်စီတပ်သားတွေအပြင် ရဲတပ်ဖွဲ့ဝင် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ တပ်ရင်းအလိုက်သော်လည်းကောင်း ပြည်သူ့ဖက်ပူးပေါင်းပြီး လက်နက်ချဖို့ လုပ်ဆောင်ပါက KNDF အနေနဲ့ နွေးထွေးကြိုဆိုသွားမယ်လို့ KNDF က ဆိုပါတယ်။

spot_img
spot_img