spot_imgspot_imgspot_imgspot_img
Sunday, December 15, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက ဒရုန်းသုံးတိုက်ခိုက်ရာမှာ အဆိပ်ငွေ့ပြားကို အသုံးပြုလာတယ်လို့ ဆို

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်က စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အခါ အဆိပ်ငွေ့ပြားတွေကိုအသုံးပြုပြီး တိုက်ခိုက်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့နဲ ၈ရက်နေ့မှာ မိုးဗြဲမြို့ပြင်မှာ အခြေစိုက်ထားတဲ့ ခမရ (၄၂၂)တပ်က မိုးဗြဲမြို့နဲ့အနီးတစ်ဝိုက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်း အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

“ဓာတုအဆိပ်ငွေ့တွေနဲ့ တော်လှန်‌ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တာရှိပါတယ်။ အဲ့လိုတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်တွေဖက်က မူးတာ၊ အော့အန်တာ စတဲ့ ပြဿနာတွေကိုကြုံခဲ့တယ်ပေါ့နော” လို့ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

စစ်ကောင်စီက အသုံးပြုခဲ့တဲ့ S-PHOS (အက်စ်ဖော့စ်) ၅၆၀ အဆိပ်ငွေ့ပြားဟာ တောင်သူတွေ အသုံးပြုတဲ့ ဝိစာရထုတ် အဆိပ်ငွေ့ဆေးပြားခဲ ကဲ့သို့ပင် ဖြစ်ပါတယ်။ အဲ့ဒါက စားသုံးဖို့မဟုတ်တဲ့ စိုက်ပျိုးရေးကုန်ကြမ်းပစ္စည်း၊ တိရစ္ဆာန်ကုန်ကြမ်းပစ္စည်းတို့ကို သိုလှောင်တဲ့အခါ ကျရောက်ဖျက်ဆီးနိုင်တဲ့ပိုးကို ကာကွယ်နှိမ်နှင်းနိုင်တဲ့ အဆိပ်ငွေ့မိုင်းတိုက် ဆေးပြားခဲ ဖြစ်ပါတယ်။

အဆိပ်ငွေ့ပြားကို ထည့်သွင်းအသုံးပြုထားတဲ့ ဗုံးသီး ကျရောက်ရာ အနီးဝန်းကျင်မှာ မီးခိုးအများအပြားထွက်လာပြီး ရှုရှိက်မိတဲ့ တော်လှန်‌‌ရေးရဲဘော်တွေက မူးဝေခြင်း ၊ ခေါင်းမူးခြင်း ၊ အော့အန်လိုခြင်း ၊ အိပ်ချင်လာခြင်း၊ ခန္ဓာကိုယ်အားပြတ်ခြင်း စတဲ့ ဝေဒနာတွေကို ခံစားခဲ့ရတယ်လို့ ‌ပြောပါတယ်။ အဆိပ်ငွေ့ကို ရှူရှိုက်မိသူဟာ လူ့ခန္ဓာကိုယ်ကို နုံးသွားစေပြီး ပြန်လည်အနားယူမှသာ သက်သာစေတာပါ။

ပြီးခဲ့တဲ့ မတ်လတုန်းက ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်တိုက်ပွဲ နဲ့ ဇူလိုင်လက ဖားဆောင်းတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဖက်က ဓာတုအဆိပ်ငွေ့ပြားတွေသုံးပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတဲ့ နေရာအပြင် လူထုရှိရာနေရာတွေကိုလည်း ဒရုန်းသုံးပြီး တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်နိုင်တာကြောင့် လူထုတွေအနေနဲ့လည်း သတိထားနေထိုင်ကြဖို့ကို KNDF က တစ်ပါးတည်း တိုက်တွန်းထားပါတယ်။

spot_img
spot_img
spot_img

Recent posts