spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှုမှာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး၊ MA-1 တစ်လက်နဲ့ ကျည်တချို့ သိမ်းဆည်းရမိ

Author

Date

Category

ကေးဒူ (ကန္တာရဝတီ တိုင်း (မ်))

ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက်) ညနေ ၃နာရီခွဲ ဝန်းကျင်အချိန် ရိက္ခာသယ်ပို့ဖို့ သွားနေတဲ့ စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်( KNDF) တပ်ရင်း ၁၀ က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီဖက် ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး MA-1 သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု ၊ ကျည်ဆံတချို့နဲ့ ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

” စစ်ကောင်စီရဲ့ လောထော်စခန်း အဲဒီကနေမှ ရိက္ခာ သယ်ပို့ လုပ်နေတဲ့ စစ်ကောင်စီ ကို ကြားဖြတ်တိုက်ခိုက်တယ်ပေါ့နော်။ ကြားဖြတ်တိုက်ခိုက်တဲ့ အခါမှာ ဒီထိတွေ့မှုကတော့ ၁၀ မိနစ် ဝန်းကျင်လောက်ပဲကြာတယ်။အဲမှာ သူတို့ တိုက်ခိုက်ပြီးတော့ ဒီစစ်ကောင်စီဘက်က ဗိုလ်ကြီး တစ်ဦးပေါ့နော်။ ဗိုလ်ကြီး တစ်ဦး ပါတယ်။ ဗိုလ်ကြီး တစ်ဦး အပါအဝင် ၃ ယောက်ပေါ့နော်။ ၃ ယောက် သေဆုံးတယ်။ သူတို့ထဲက တစ်ယောက်ကိုင်တဲ့ MA-1 အမျိုးအစားပေါ့။ သေနတ်တစ်လက်ကို ကျနော်တို့ သိမ်းဆည်းရရှိတာ။ သေနတ်တစ်လက်နဲ့ ကျည်ဆံအချို့။” လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လောပိတမြို့၊ ဘီလူးချောင်း အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လောထော်တောင်ပေါ်စခန်းကနေ ရိက္ခာ သယ်ပို့ ဖို့ လက်နက်အပြည့်အစုံ အရပ်ဝတ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်တာတွေ ရှိခဲ့ပြီး KNDF B-10 ဖက် အထိအခိုက် မရှိပဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။

လောပိတ အခြေစိုက် ခလရ ( ၇၂ ) တပ်နဲ့ ၅၃၀ တပ်တို့ကနေပြီး ည ၉ နာရီလောက်ထိ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခဲ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာနံဘေးတွေ လယ်ကွင်းတွေထဲ ကျရောက်တာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်နေတာတွေ ရှိနေတာကြောင့် ပြည်သူလူထုအနေနဲ့ သတိထား သွားလာကြဖို့လည်း KNDFက တိုက်တွန်းထားတာတွေလည်း ရှိနေပါတယ်။

ကရင်နီပြည်မှာ နိုဝင်ဘာလ ၁၄ရက်နေ့အထိ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲငယ်တွေ၊ အလစ်ငိုက်တိုက်ခိုက်မှု ဖြစ်ပွားတာတွေ ရှိခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှားတော မြို့နယ်တွေမှာ တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် ၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ KNDFက ဒီကနေ့ (နိုဝင်ဘာလ ၁၄ရက်)မှာ ထုတ်ပြန်ပါတယ်။

spot_img
spot_img

Recent posts