spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် တရက်တည်းမှာ အမျိုးသမီးနှစ်ဦး ထိမှန်သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်လင်လေးမြို့အနီးက ကျေးရွာတရွာမှာ မနေ့က ( နိုဝင်ဘာလ ၉ ရက်နေ့) ည ၁၁ နာရီ ခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ လွိုင်လင်လေး အခြေစိုက် ခလရ ၅၃၀ တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက်ဆယ်နှစ်အရွယ် မိန်းကလေးငယ်တဦး ထိမှန်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

” ည ဆယ့်တစ်ခွဲလောက်မှာ လက်နက်ကြီးကျလာတယ်ပေါ့။ လေးလုံးကျလာတယ် ။ အိမ်တွေလည်းထိသွားတယ် ပြီးတော့ကလေးတယောက်ထိသွားတယ်။ အဲ့ထိသွားတဲ့ ကလေးကတော့ ဆုံးသွားတယ်ပေါ့နော” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်ဟာ ၁၀ နှစ်အရွယ်ရှိတဲ့ မသဉ္ဇာငြိမ်း ဖြစ်ပြီး မွေးချင်း ခြောက်ယောက်ထဲမှ အငယ်ဆုံးသမီးဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါပစ်ခတ်မှုမှာ ဒေသခံ နှစ်ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီတပ်က လွိုင်လင်လေးမြို့အနီးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတွေထဲကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူဘဲ မနေ့က ( နိုဝင်ဘာလ ၉ ရက်နေ့) ညအချိန်မှာလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်ရဲ့ ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသမီးတဦး ထိမှန်သေဆုံးခဲ့တဲ့အပြင် ၂၂ နှစ်အရွယ် အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

လွိုင်လင်လေး အခြေစိုက် ခမရ (၅၃၀) တပ်ကနေ လွိုင်လင်လေးမြို့အနီးတဝိုက်နဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြီးခဲ့တဲ့ အောက်တိုလ ၃၁ ရက်နေ့မှာ ဒေသခံတွေက ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာလည်း ရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ လက်လှမ်းမီသမျှ စာရင်းအရ နိုဝင်ဘာလရဲ့ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ထိမှန်သေဆုံးခဲ့ရတဲ့ အမျိုးသမီး နှစ်ဦး ရှိပြီး မိုးဗြဲမြို့အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသားတဦး၊ လွိုင်လင်လေးမြို့ အနီးက ရွာခံ နှစ်ဦးနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်လူထုရှိရာကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ပစ်ခတ်နေတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts