ကန္တာရဝတီတိုင်း (မ်)
ဒီးမော့ဆိုမှ ငွေတောင်သို့အင်အားဖြည့်ရန်သွားသည့် အကြမ်းဖက်စစ်ကောင်စီတပ် တင့်ကားတစ်စီးနှင့် တပ်သားများ ငွေတောင်ဆည်လမ်းတွင် မိုင်းခွဲတိုက်ခိုက်ခံရသည်ဟု KPDF မှ ထုတ်ပြန်ထားပါတယ်။
အဆိုပါပျောက်ကျားတိုက်ခိုက်ခံရမှုကြောင့် တင့်ကားအပါအဝင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထိခိုက်များရှိပြီး ငွေတောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။
KPDFမှ ဖောက်ခွဲရေးတပ်သားများအထိအခိုက် ကျဆုံးမှု မရှိဘူးလို့သိရပါတယ်။