spot_imgspot_imgspot_imgspot_img
Wednesday, October 23, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ဘောလခဲမြို့တွင်းမှာ ဘာတွေဖြစ်နေပြီလဲ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

အာဏာသိမ်းပြီးနောက်ပိုင်း ၃နှစ်ကျော်အထိ ကရင်နီပြည်၊ ဘောလခဲမြို့ဟာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ မြို့တမြို့ဖြစ်ပါတယ်။ ၃နှစ်ကျော်ကြာ စစ်‌ကောင်စီထိန်းချုပ်ထားတဲ့ ဘောလခဲမြို့တွင်းက ‌လက်ရှိ ဒေသခံပြည်သူတွေရဲ့ အခြေအနေ၊ ကုန်စည်စီးဆင်းမှုနဲ့ ကုန်ဈေးနှုန်းအခြေအနေတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

မြို့တွင်းက ဘောလခဲပြည်သူများရဲ့ အခြေအနေ

ဘောလခဲ‌‌ဒေသခံ အများစုဟာ အာဏာမသိမ်းခင်ကတည်းက အစိုးရဝန်ထမ်းနဲ့ နှမ်းစိုက်တဲ့ လုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ မြို့လေးတမြို့ဖြစ်ပါတယ်။

“အလုပ်ကတော့ဘာရှိမလဲ၊ တောင်ယာတွေဘာတွေ သွားလုပ်လို့ကလည်း အဆင်ပြေမှာမဟုတ်ဘူး။ အရင်က နှမ်းကိုပဲ အားကိုးနေကြရတာလေ။ ခု မြို့ပြင်တွေ ဘာတွေထွက်မရတော့ တောင်ယာ သွားလုပ်ဖို့ကလည်း အဆင်ပြေမှာမဟုတ်ဘူး” လို့ ဘောလခဲဒေသခံတစ်ဦးက လက်ရှိ ဘောလခဲမြို့တွင်းရဲ့ အခြေအနေကို ပြောပြတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ အတူ သံလွင်မြစ်ရေ မြင့်တက်လာခဲ့ပြီး မြစ်ဘေးအနီးအနားနဲ့ ဘောလခဲ မြို့တွင်းနေရာတချို့ကို ရေလွှမ်းမှုဖြစ်ပွားခဲ့ပါတယ်။ တစ်လကျော်ကြာသည့်တိုင်အောင် တင်ကျန်နေတဲ့ နှုံးမြေ နဲ့ ဗွက်တွေ ကျန်ရစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကုန်စည် စီးဆင်းမှုအခြေအနေ နဲ့ ကုန်ဈေးနှုန်း

ဘောလခဲ ‌မြို့တွင်းရဲ့ ပတ်ပတ်လည် အနီးအနားမှာ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဘောလခဲမြို့ထဲကို ကုန်​ေတွမ‌‌‌ရောက်တာ နှစ်နှစ်ကျော်ကြာ ရှိနေပြီဖြစ်ပါတယ်။ စစ်ကောင်စီက သူတို့ရဲ့ တပ်စခန်းထဲကိုတော့ ရဟတ်ယာဉ်နဲ့ ဆန်တွေ အခြေခံ စားသောက်ကုန်တွေ ပို့ဆောင်တာရှိပါတယ်။ တပ်ထဲကနေတဆင့် စစ်ကောင်စီတပ်က ပြည်သူတွေဆီကို ပြန်လည်ရောင်းချကြတယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ မိမိတို့ဆီမှာရှိတဲ့ အသား၊ ငါး ၊ ငွေကြေး တခုခုနဲ့ ဆန်ကို လဲလှယ် နေရတာဖြစ်ပါတယ်။ တစ်မိသားစုကို ဆန် ၄ ပြည်နှုန်းနဲ့ ရောင်းချပေးတာလည်း ရှိနေပါတယ်။

‌ “ဆန်ကိုကျ တချို့ က နွားအကောင်လိုက်ပေါ်ပြီး တပ်ထဲကိုလဲတယ်။ ငါတို့ကငတ်ပေါ့။” လို့ ဒေသခံတစ်ဦးက ဆန် လဲလှယ်မှုအခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ငွေကြေးတတ်နိုင်သူတွေက ပိုက်ဆံနဲ့ ဆန်ကိုဝယ်စားရပြီး မတတ်နိုင်သူတွေကတော့ နွား ၊ ကြက် ၊ ဝက် စတဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဆန်ကို လဲလှယ်စားသောက် နေကြရတာဖြစ်ပါတယ်။

အခုလို ဆန်နဲ့ ကုန်ပစ္စည်းတွေ လဲလှယ်စားသောက်နေရပုံ အဆင့်ဆင့်ကို ‌ဒေသခံတစ်ဦးက ခုလိုပဲ ပြောပြလာပါတယ်။

“ပြောင်းဖူးပေါ်တဲ့ ချိန်တုန်းကဆို ပြောင်းဖူး (၁၂)ဖူးကို ဆန်တစ်ပြည်၊ လှကျော်(ဆေးလိပ်) တစ်ကဒ်ကို ဆန်သုံးပြည် အဲ့လိုပဲ လှဲပြီးစားသောက်နေကြတာ”လို့ သူက ဆိုပါတယ်။

ဘောလခဲမြို့ထဲမှာ ငွေကြေးပိုက်ဆံထက် ဆန်က အရေးကြီးဆုံးအခြေအနေ ဖြစ်ပါတယ်။ ငွေကြေးတတ်နိုင်ရင်တောင်မှ ဆန်ကို လိုသလို ဝယ်ယူလို့မရတဲ့အခြေအနေပါ။

ဆန် တစ်ပြည်ကို ၁၂၀၀၀၀ ကျပ် ၊ မာမား ခေါက်ဆွဲတစ်ထုပ်ကို ၅၀၀၀ ၊ အမဲသားတစ်ပိဿာကို ၂သောင်း၊ ကြက်တစ်ပိဿာကို ၃ သောင်း၊ ငါးတစ်ပိဿာ ၄ သောင်း စတဲ့ ကုန်ဈေးနှုန်းအသီးသီး ရှိနေပါတယ်။

‌ဆေးဝါးရရှိမှုအခြေအနေ

မြို့ပတ်လည်တိုက်ပွဲတွေကြောင့် ဘောလခဲမြို့တွင်းကို ကုန်စည်အပြင် ဆေးဝါးလည်း မရောက်ရှိပါဘူး။

“ဆေးလား၊ နေမကောင်းမဖြစ်အောင် ဂရုစိုက်ရတာပါပဲ။ ဖြစ်ရင်လည်း သေမှာဘဲ။” လို့ ဘောလခဲ ‌ဒေသခံတစ်ဦးက ပြောပါတယ်။

စားသောက်ကုန်ရရှိဖို့ တပ်ဆီကနေ ဝယ်ခြမ်းလို့ရနိုင်ပေမယ့် ဆေးဝါးကတော့ မရှိဘူးလို့ ဆိုပါတယ်။

“မြို့ထဲမှာက ဆေးဝါးနဲ့ပတ်သက်ပြီး မရတော့တာကြာပြီဗျ။ စစ်တပ်ဖက်ဆီကလည်း မျှော်လင့်လို့မရနိုင်ဘူးလေ။ ဟိုအရင်ကတည်းက ဆေးတွေပြတ်လပ်နေတာကြာပြီဗျ။” လို့ ဘောလခဲဒေသခံတစ်ဦးက ပြောပါတယ်။

ဆေးဝါးမရှိတာအပြင် ကျန်းမာရေးစောင့်ရှောက်မှုမရရှိတာတွေကြောင့် ဘောလခဲမြို့တွင်းက ဒေသခံတွေဟာ သေဆုံးမှုရှိနေပေမယ့် ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ အရေအတွက်ကိုတော့ ရရှိနိုင်ဖို့ လက်လှမ်းမမှီပါဘူး။

ဘောလခဲမြို့ပေါ်မှာ နေထိုင်သူတွေရှိနေဆဲဖြစ်ပြီး မြို့နယ်ထဲက ကျေးရွာတချို့ကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

၂၀၁၈ခုနှစ် မတ်လအထိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းအရ ဘောလခဲမြို့နယ်မှာ လူဦးရေ ရှစ်ထောင်ဝန်းကျင်ရှိပြီး၊ ဘောလခဲမြို့ပေါ်မှာ နေထိုင်သူ နှစ်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက် ဘောလခဲမြို့တွင်းမှာ ဒေသခံ ၄၀ရာခိုင်နှုန်းသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts