ကန္တာရဝတီတိုင်း( မ် )
မေလ ၇ရက်နေ့မှာ စစ်ကောင်စီယာဉ်တန်းကို KNDF B- 16 နဲ့ KA တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ််ကောင်စီကားသုံးစီး ပျက်စီးသွားခဲ့တယ်လို့ KNDF B- 16 က ဒီကနေ့ မေလ ၁၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးရှိနိုင််ပြီး KA ၊ KNDF B-16 ကတော့ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။
မေလ ၄ရက်နေ့မှာလည်း စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီကား ၂ဦး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘောလခဲ-ဖရူဆိုလမ်မကြီးတစ်ကြော နန်းဖဲနဲ့ လောကျေခူကျေရွာအနီး မှာ ရိက္ခာ၊ လက်နက်ခဲယမ်းတွေကို တင်ဆောင်လာတဲ့ စစ်ကောင်စီကားတွေကို မေလ ၁ရက်နေ့ကနေ ၇ရက်နေ့အထိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား ၈စီး ပျက်စီးသွားခဲ့တယ်လို့ KNDF က မေလ ၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။