spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ တပ်သားတစ်ဦး ဗိုလ်တစ်ထောင်တပ်ခွဲဆီ အလင်းဝင်လာ၊ ဆုငွေချီးမြှင့်

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ ဗိုလ်တစ်‌ထောင်တပ်ခွဲ ( B- 1006) ဆီကို နိုဝင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီရဲ့ တပ်သားတစ်ဦး လက်နက်အပြည့်အစုံ နဲ့ အလင်းဝင်လာခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း (၂)က ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတပ်သားဟာ မိုးဗြဲအခြေစိုက် ခမရ-၄၂၂မှ တပ်သားတစ်ဦးဖြစ်ပြီး ကရင်နီပြည်မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေကို ရှမ်းမြောက်စစ်မျက်နှာဆီ ပို့ဆောင်နေချိန်မှာ ထွက်ပြေးလွတ်မြောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ တပ်သားကို ဗိုလ်တစ်ထောင်တပ်ခွဲက ဆုငွေပေးအပ်တာရှိပြီး ကောင်းမွန်စွာစောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း ဗိုလ်တစ်ထောင်တပ်ခွဲဆီ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်လာခဲ့တာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img