spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက လူထုတွေနေထိုင်တဲ့ ကျေးရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက အောက်တိုဘာလ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ယမန်နေ့ အောက်တိုဘာလ (၅) ရက်နေ့ ညနေ ၅ နာရီ အချိန်မှာ ဖရူဆိုမြို့နယ်အခြေစိုက်တဲ့ စစ်ကောင်စီ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေး ကျောင်းကနေ လက်နက်ကြီး ပစ်ခတ်တာတွေရှိခဲ့ပြီး ကျေးရွာအတွင်း ကျရောက်မှုကြောင့် အသက် ၅၀ အရွယ်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်း နဲ့ ကျောကုန်းတွေမှာ ထိခိုက်ဒဏ်ရာရရှိသလို နွားတစ်ကောင်လည်း သေဆုံးသွားခဲ့ရပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့မှာလည်း ည ၁၁ နာရီ အချိန်‌ စစ်ကောင်စီဖက် တာဝေးပစ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျေးရွာအတွင်း ၅လုံး ကျရောက်ပြီး နေအိမ် ၂လုံးပျက်စီး သွားခဲ့ရပါတယ်။

ဖရူဆိုမြို့နယ်မှာ တော့ အောက်တိုဘာလ (၄)ရက်နဲ့ (၅)ရက်တွေမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာကိုစစ်ကောင်စီဖက်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

spot_img
spot_img