spot_imgspot_imgspot_imgspot_img
Wednesday, March 26, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီလက်နက်ကြီးကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ဘေးရှောင်အမျိုးသမီး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို ယမန်နေ့ မတ်လ ၂၀ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီရဲ့ဒီးမော့ဆို အခြေစိုက် ခမရ (၄၂၇)၊ ခလရ (၁၀၂) တို့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး စစ်ရှောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ၁၁ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ရှောင်အမျိုးသမီးတစ်ဦး ဘယ်ဖက်လက်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ အမျိုးသမီးကတော့ အသက် ၂၉ နှစ်အရွယ်ရှိပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း စစ်ကောင်စီလက်နက်ကြီးကြောင့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စစ်ရှောင်နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ပါတယ်။

ယခုရက်ပိုင်းမှာလည်း စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ်အတွင်းကို လက်နက်ကြီးပစ်ခတ်မှု ၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လအတွင်း ကရင်နီပြည်အတွင်းကို စစ်ကောင်စီရဲ့ လက်နက်ကြီး ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts