spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီ စစ်ကြောင်းကြောင့် လယ်စပါး ဧက ၅၀၀ ကျော် မရိတ်သိမ်းနိုင်မှာကို တောင်သူများ စိုးရိမ်နေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကြောင့် လယ်စပါး ဧက ၅၀၀ ကျော် မရိတ်သိမ်းနိုင်မှာကို တောင်သူတွေ စိုးရိမ်နေကြပါတယ်။

“တချို့ဆိုရင် အနှံတောင်စုံပြီ။ နောက် ၉ လပိုင်းကုန်လောက်ဆို သူတို့က ရိတ်လို့ရပြီ။ တစ်ချို့ကျတော့လည်း အနှံထွက်စဆိုတော့ တောက်လျှောက် ဒီလိုပဲ ဆက်ဖြစ်သွားမှာကိုလည်း စိုးရိမ်ရတယ်။ ကိုယ်မရိတ်သိမ်းမိရင် ငတ်မှာကိုလည်း စိုးရိမ်ရတယ်။” လို့ တောင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ တတိယပတ် ကစလို့ လွိုင်ကော်မြို့ကနေ လွိုင်ကော်- ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် လူအင်အား ၂၀၀ခန့် စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခဲ့ပါတယ်။ အဲ့ဒ်ီစစ်ကြောင်းက ဒေါပိုးစီ ၊ စံပြ ၆မိုင် ၊ ၅မိုင် ကျေးရွာနဲ့ တခြားကျေးရွာက လယ်ယာစပါးကို မရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေကြတာပါ။

ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြန်လည်စိုက်ပျိုးနေကြတဲ့ ဒေသခံတောင်သူတွေက စစ်ရှောင်စခန်းဆီကို ပြန်လည် တိမ်းရှောင်နေကြရတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

စစ်ရေးအခြေအနေ မတည်ငြိမ်တဲ့ ကရင်နီပြည်မှာ ၄နှစ်နီးပါး စစ်ဘေးရှောင်နေကြပြီဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် ဒေသခံတွေက အလျင်းသင့်ရင် သင့်သလို စပါးပြန်လည် စိုက်ပျိုးနေကြတာဖြစ်ပါတယ်။

ဒီးမော့ဆို၊ လွိုင်ကော် မြို့က ဒေသခံတချို့ ပြန်လည်စိုက်ပျိုးကြတာဖြစ်ပြီး စိုက်ပျိုးမြေ ဧက ၁၀၀၀ ကျော် ရှိတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။ ဒီး‌မော့ဆို မြို့နယ်အတွင်းရှိ လယ်ဧက ၅၀၀ ကျော်လောက်ကတော့ စစ်ဇုံနဲ့ အနီးအနားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ်ကုန်ကျထားတာလည်း မနည်းဘူးလေး ။ တစ်ဧကဆို အပြီးအစီး စိုက်စရိတ် ရိတ်သိမ်းခ မပါဘူးဆိုလို့ရှိရင် တစ်ဧကကို သိန်း ၂၀ လောက်ကုန်တာကို။” လို့ စပါးစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တစ်လေးလုံးစစ်ဆင်‌ရေးနောက်ပိုင်း တော်လှန်ရေး တပ်တွေက နေရာရ ထားပြီဖြစ်တဲ့ ဒေါပိုးစီ၊ ၅မိုင်၊ စံပြ ၆မိုင် ၊ ဗက်တလိန်၊ ဝမ့်လထွား စတဲ့ ပြည်ထောင်စုလမ်းမကြီးဘေးတလျှောက်လုံးမှာ သြဂုတ်လ တတိယပတ်မှာပဲ စစ်ကောင်စီတပ်က ပြန်လည် တပ်စွဲ နေရာယူထားပြီ ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts