spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီ ထောက်ပို့ယာဉ် အစီး ၆၀ ဟာ ဖရူဆိုမြို့နယ်ကို မကျော်နိုင်သေးဘူးလို့ KNDF ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်ကနေ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ဘက်ကို ရိက္ခာပို့ဆောင်ဖို့ အတွက် ဦးတည်သွားနေတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ ယာဉ်အစီး ၆၀ ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်ထိ ဖရူဆိုမြို့နယ်ကို မကျော်နိုင်သေးဘူးလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ အဓိကတော့ ဘောလခဲနဲ့ ဖာဆောင်းပဲပေါ့ ။ အဲ့ဒီတဆင့် သူတို့ဘယ်ဖက်သွားမလဲ ဆိုတာ အသေးစိတ်မသိရပေးမယ့် အဲ့ဒီယာဉ်တန်းတွေကဆိုရင် ကျနော်တို့ သိရသလောက်ဆိုလို့ရှိရင် ဘောလခဲကို ရိက္ခာပို့မှာပေါ့။ ရိက္ခာဆိုတာက လူစားသုံးကုန်၊ လက်နက်ခဲယမ်း အပါအဝင်ပေါ့လေး။ အဲ့ဒါတွေ သူတို့ အဓိက ပို့ဆောင်ဖို့ ကြိုးစားနေတယ် အခုချိန်ထိတော့ သူတို့ မပို့နိုင်သေးဘူး “ လို့ သူက ပြောပါတယ် ။

စစ်ကောင်စီတပ်က ထောက်ပို့ယာဉ်တန်းတွေကို ပို့ဆောင်နေတာကြောင့် ကရင်နီပြည် လွိုင်ကော် ၊ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလတွေအတွင်း ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်မှာ ထောက်ပို့ ယာဉ်တန်းတွေ ဖြတ်သန်းသွားဖို့ နဲ့ လမ်းမကြီးကို ထိန်းချုပ်ထားနိုင်ဖို့ စစ်ကြောင်း ၆ခု နဲ့ စစ်ကြောင်းထိုးနေတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“စစ်ကောင်စီ ယာဉ်တန်းထုတ်ပြီးတော့ တိုက်ပွဲတော့ စပြီပဲ။ လက်ရှိမှာတော့ အဲ့လိုမျိုးတွေ ဖြစ်နေတယ်။ စစ်ကောင်စီတပ်တွေနဲ့လဲ ကျနော်တို့ ရက်တိုင်းနီးပါလိုလိုပေါ့ အဲ့ဒါကတော့ ကျနော်တို့ တိုက်ပွဲ ဖြစ်နေတာပေါ့။ ပြောရမယ်ဆိုလို့ရှိရင် ဖရူဆို စစ်လေ့ကျင့်ရေးကျောင်း၊ ဖားဆောင်း၊ ဘောလခဲ ဦးတည်တဲ့ ကားယာဉ်တန်းသွားနိုင်ဖို့ အတွက်က အဲ့မှာ ဖရူဆိုနဲ့ ဘောလခဲ ကြားမှာ တိုက်ပွဲက ရက်တိုင်းနီးပါး ဖြစ်တယ် အဲလိုအနေအထား။” လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကရင်နီ တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပေါင်း (၂၉ ) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNDF က အောက်တိုဘာလ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ထိတွေ့တိုက်ပွဲတွေ အတွင်းမှာ KNDF ဘက်က (၈) ဦး ကျဆုံးပြီး စစ်ကောင်စီတပ်ဘက်မှ (၇၈) ဦး သေဆုံးကာ လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts