spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါနိုးကူးစစ်ရှောင်တွေ ထိုင်းနိုင်ငံအတွင်းကို တတိယအကြိမ် ပြန်ပြေးလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံ နဲ့ ထိစပ်နေတဲ့ ကရင်နီပြည် ဆိုတရှားမြို့နယ်ထဲက ဒေါနိုးကူး စစ်ရှောင်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီရဲ့ တပ်စခန်းတွေကနေ လက်နက်ကြီး ပစ်ခတ်လာတာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို တတိယအကြိမ် ထပ်မံ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေ ၃ လုံး ထက်မနည်း ပစ်ခတ်လာပြီး စစ်ရှောင်နေအိမ်ကို ထိမှန်တာတွေရှိခဲ့တယ်လို့ဆိုပါတယ်။ လူအထိအခိုက် မရှိပေမဲ့လည်း စိုးရိမ်စိတ်ကြောင့် ဒေါနိုးကူး စစ်ရှောင်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာကြပါတယ်။

“အဲ့မှာနေတော့ ကြောက်တယ် အဲ့လိုမျိုးတွေ ပစ်တာ ညအချိန်ဆို အိမ်မပျော်တော့ဘူး။ နေ့ခင်းဆို သက်သာသေးတယ်။ ညအချိန်ဆို အိပ်မပျော်ရဲတော့ဘူး။ အိပ်ပျော်နေချိန်မှာ ပစ်လာခဲ့မယ်ဆိုရင် မကြားရဘူး။” လို့ စစ်ရှောင်အမျိုးသားတစ်ဦးဖြစ်တဲ့ ခူးဦးရယ်က ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာသူဦးရေက လက်ရှိမှာ ၃၀၀ ဝန်းကျင်ရှိနေပြီး ရုတ်တရက် ထပ်မံ တိမ်းရှောင်ခဲ့ရတာကြောင့် လိုအပ်တဲ့ ပစ္စည်းတွေကို မသယ်ယူခဲ့နိုင်ဘူးလို့ဆိုပါတယ်။

“ဘာမှ ယူမလာဘူးပေါ့နော် အစက ကြားရင် စောင်တွေ အိုးတွေ ယူလာလို့ရတာပေါ့နော် ဆန်တော့ယူလာတယ် အိုးတော့ ပါမလာပြန်ဘူး “ လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မော်စိုးမြာ ကပြောပါတယ်။

အဆိုပါ ဒေါနိုးကူး စစ်ရှာင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ နေ့က ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ကရင်နီပြည်တွင်းကို ပြန်သွားခဲ့ကြတာဖြစ်ပြီး ၁၀ ရက်အကြာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံအတွင်းကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts