ကန္တာရဝတီတိုင်း( မ် )
ဒီးမော့ဆိုမြို့နယ် ထူးလွှီးဘီလာကျေးရွာကနေ ဖရူဆိုဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာမှာ KNDF တို့က ပျောက်ကျားတိုက်ခိုက်ခဲ့ပြီး
စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့တယ်လို့ KNDF B-15 တာဝန်ရှိသူ တစ်ဦးထံကနေ သိရပါတယ်။
“ ဖြစ်တာကတော့ ၁၀နာရီဝန်းကျင်ပေါ့နော။ ကျမတို့က အခုက ပျောက်ကျားစနစ်နဲ့ပဲ သွားတာပေါ့နော။ ၁၀နာရီတစ်ခါ ညနေ ၆နာရီတစ်ခါတော့ လုပ်ဖြစ်တယ်။ တစ်ရက်ထဲကို နှစ်ကြိမ်ဖြစ်တယ်။ ဟုတ်တယ်။ သူတို့က အနီးတစ်ဝိုက်မှာတော့ ရှိတယ်။ ဒီရက်အခြေအနေတော့ ငြိမ်တယ်။ “ လို့ ၎င်း၎င်းက ဆက်ပြောပါတယ်။
မတ်လ ၃၁ရက်နေ့မှာ KNDF B-04 ၊ KNDF B-15 တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာတောင်ကုန်းတစ်နေရာမှာ စစ်ကောင်စီတပ်စွဲထားတာရှိနေပြီး အရပ်သားပြည်သူတွေအနေနဲ့ အသွားအလာ မလုပ်ကြဖို့ ၎င်းကဆက်ပြောပါတယ်။
ယမန်နေ့ ( မတ်လ ၁ ရက်နေ့မှာ ) စစ်ကောင်စီက မနက် ၁နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ် ကွိုင်ငံကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အသက် ၄၀အရွယ်် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ညနေ ၃နာရီအချိန်မှာ ဖရူဆိုမြို့နယ် လောထော်တနောကျေးရွာကို လက်နက်ကြီး ၃လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ဖရူဆိုမြို့နယ်မှာရှိတဲ့ ခမရ ( ၄၂၈ ) တပ်က ပစ်ခတ်တာဖြစ်ပြီး ၁၂၀ လက်နက်ကြီး အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။