spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်တပ်ရဲ့အာဏာသိမ်းမှုကို လုံးဝဆန့်ကျင်သွားမယ်လို့ ကျောင်းသားလူငယ်ထုများကပြော

Author

Date

Category

ပညာရေးစနစ်ကို အောက်ဆုံးထိကျသွားစေတဲ့ စစ်တပ်ရဲ့အာဏာသိမ်းမှုကို လုံးဝဆန့်ကျင်သွားမယ်လို့ ကျောင်းသားလူငယ်ထုများကပြော ပညာရေးစနစ်ကို အောက်ဆုံးအထိကျသွားအောင် ပြုလုပ်တဲ့ စစ်တပ်ရဲ့အာဏာသိမ်းမှုကို လုံးဝဆန့်ကျင်သွားမယ်လို့ ဒီးမော့ဆိုမြို့နယ် ဖဲလျားကျေးရွာမှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်သပိတ်ကို ပါဝင်ခဲ့တဲ့ ကျောင်းသားလူငယ်ထုများကထုတ်ဖော် ပြောကြားလိုက်ပါတယ်။

“သူတို့ နောက်တစ်ခါအာဏာထပ်သိမ်းတယ်။ သူတို့ စသိမ်းတဲ့အချိန် သူတို့ပြောတယ်။ ဘာပညာရေးလဲ။ လုံးဝ သူများတွေထက်အဆင့်မြင့်မယ့်ပညာရေး လို့ပြောတယ်။ ကျနော့်အဖေသည်ဦးဘဖြစ်သည်။ ကျနော့်အမေသည် ဒေါ်လှဖြစ်သည် ဆိုတဲ့ပညာရေး ကို ကျနော်တို့ ပြန်မသွားချင်တော့ဘူး။ ကိုယ့်အဖေကိုယ် အမှန်တိုင်းရေးချင်တယ်။ ကိုယ့်မိဘနာမည်ကိုယ်အမှန်တိုင်းရေးချင်တယ်။ သူတို့ပေးထားတဲ့အတိုင်း ပြန်ရေးတဲ့ခေတ်ကို ပြန်မရောက်ချင်တော့ဘူး။ ”

ဒီးမော့ဆိုမြို့နယ် ဖဲလျားကျေးရွာမှာ မေလ ၄ရက်နေ့က သပိတ်ပြုလုပ်ခဲ့တာဖြစ်ပြီး လူအင်အားထောင်ချီပါဝင်ခဲ့ပါတယ်။ အာဏာသိမ်းတဲ့အတွက် လူငယ်တွေရဲ့အနာဂတ်ပျောက်သွားပြီး တိုင်းပြည်မတိုးတက်နိုင်ဘူး လို့ သပိတ်မှာ ပါဝင်တဲ့ ဆရာတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းလိုက်လို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်သွားမယ်ဆိုရင် ကျနော်ပြောရဲတယ်။ ၁၉၆၂ ကတည်းက ကျနော်တို့ နိုင်ငံဟာ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ထက် အဆပေါင်းများစွာ တိုးတက်နေလောက်ပြီဆိုတာ ကျနော်ရဲရဲကြီးပြောရဲပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်ပြုလုပ်တာ ရက်ပေါင်း ၉၀ ရှိပြီဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးနဲ့ ကျောင်းသားတွေလည်း ပါဝင်ခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က ဇွန်လမှာ ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့စီစဉ်နေတာဖြစ်ပြီး CDM ပြုလုပ်နေတဲ့ ပညာရေးဝန်ထမ်းနဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ဖို့ ဖိအားပေးနေပါတယ်။

spot_img
spot_img

Recent posts