မော်ဦးမြာ
ကယား(ကရင်နီ)ပြည်နယ်ရဲ့ ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာဆိုရင် ယခင် ဖြတ်လေးဖြတ်စစ်ဘေးဒဏ်ခံရလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာတွေ ကျေးရွာတွေ တော်တော်များများ ပျက်စီးခံခဲ့ရပါတယ်။ တချို့ဒေသခံတွေအများစုက နယ်စပ် ဒုက္ခသည်စခန်းတွေမှာ စစ်ရှောင်ကြသလို ရှားတော့မြို့ပေါ်က စုစည်းရွာမှာလည်း သွားရောက်ပြေးရှောင်နေထိုင်ခဲ့ကြပါတယ်။ အခုချိန်ထိ ကျေးရွာကို မပြန်နိုင်နိုင်ကြသေးပါဘူး။ တချို့အနည်းအကျဉ်းကတော့ တောင်ယာတွေ ပြန်ခုတ်စားတဲ့သူ ရှိပါတယ်။ အရင်ကဆိုရင် ရှာတောမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၂၀၀ ကျော်ထိ ရှိခဲ့ပါတယ်။
အခုဆိုရင်တော့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကျေးရွာပေါက်တာ ၂၀ ကျော်ကျော်လောက်သာ ရှိပါတော့တယ်။ နယ်မြေမငြိမ်းချမ်းလို့ အခုချိန်ထိ ဒေသခံတွေရဲ့ ရင်ထဲမှာ ဘာတွေ ခံစားနေရလဲ၊ ယနေ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုမြင်ကြပါသလဲဆိုတာနဲ့ပါတ်သက်လို့ ရှားတောမြို့နယ်မှ ဒေသခံတွေ အမြင်ကို မေးမြန်းတင်ဆက်ထားတာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆိုတာ မရသေးဘူးပေါ့နော သိတဲ့အတိုင်းပဲ ကျနော်တို့က ငြိမ်းချမ်းရေးယူတာ မဟုတ်ဘူး။ ဒီအချိန်မှာဆို ကျနော်တို့ အပစ်ခတ်ရပ်စဲရေးပဲ ရှိသေးတယ်။ အဲ့ဆိုတော့ ငြိမ်းချမ်းရေး ဘယ်အတိုင်းအတာ ရှိပြီလဲဆိုတော့ ကျနော်တို့ ငြိမ်းချမ်းရေးဆိုတာ ကျနော့်အမြင်တစ်ယောက်ပေါ့နော ကျနော်တို့ မစသေးဘူးပေါ့နော။ ကျနော်တို့ ငြိမ်းချမ်းရေးကို သွားဖို့အတွက် မပစ်တော့ဘူးဆိုပြီးတော့ အပစ်ခတ်ရပ်စဲရေး ယူတယ်။ ငြိမ်းချမ်းရေး ခြေလှမ်းအစပဲ ရှိသေးတယ်။ ဘယ်အတိုင်းအတာ ရှိပြီလဲဆိုတာ တကယ်ကို ဘာမှ မရောက်သေးဘူးပေါ့နော။ ဘာဖြစ်လို့လဲဆို ကျနော်တို့ ဒီ ရှားတောမှာဆိုရင် ဖြတ်လေးဖြတ်ကြောင့် ကျနော်တို့ ဒုက္ခတွေ ခံနေရတယ် ခုချိန်ထိပေါ့နော။
ငြိမ်းချမ်းရေးဆိုရင်တော့ လိုသလောက်တော့ မရောက်သေးဘူးပေါ့နော။ ကျမတို့ လိုချင်တာက ငြိမ်းချမ်းရေးဆိုရင် ပြည်သူတွေကို သွားလာခွင့်လည်း ပေးရမယ် ပြီးရင် ဥပမာ အစည်းအဝေးတွေ လုပ်တဲ့အချိန်မှာဆိုရင် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်လည်း ရှိရမယ်ပေ့ါ။
ငြိမ်းချမ်းရေးဆိုတာက အဓိက သူတို့ နှစ်ဖွဲ့ပေါ့နော သူတို့ရဲ့ အချင်းချင်းယုံကြည်မှုလိုတယ် ပြီးတော့ သူတို့ လမ်းကြောင်းဖွင့်ထားတဲ့ စာချုပ်တွေအတိုင်း သူတို့ သွားဖို့လိုတယ်။ ဒီလိုဆို ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရောက်ဖို့တော့ နီးမယ်လေနော။ ဒါပေမဲ့ ဒါတွေက နှစ်ဖွဲ့ကြားမှာ မရှိဘူးဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်သွားဖို့ရင် အရမ်းခက်ခဲနေသေးတယ်ပေါ့နော။ အခုလောလောဆယ်ဆိုရင် အစိုးရဖက်ကပေါ့ စစ်သားတွေပေါ့ သူတို့ဆိုရင် စာချုပ်ချုပ်ထားတဲ့အတိုင်း မသွားဘူးလေ။ သူတို့သဘောနဲ့ သူတို့ပဲ သွားတယ်ပေါ့နော အပြစ်ရှာတဲ့ သဘောမျိုး ဖြစ်နေတယ်ပေါ့နော။ ကျနော်ထင်တယ် ငြိမ်းချမ်းရေးဆိုတာ သူတို့နှစ်ဖက် လိုချင်တဲ့အတိုင်း ပြောထားကြအတိုင်း သွားရင်တော့ ပြသနာဆိုတာ မဖြစ်မလာဘူးလေနော။
ငြိမ်းချမ်းရေးနှင့်ပတ်သက့်ပြီးတော့ ရှားတေားမြို့ နယ်ရဲ့ အခြေအနေဟာဆိုရင် ဘားမှမမြင်ရသေးဘူးလို့ ကျွန်မမြင်တယ်။ အဲ့လောက်ထိမသွားသေးဘူးလို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုလုပ်တော့မယ် သူတို့ပြောတဲ့ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး၊ ပြီးရင် ဒီမိုကရေစီ လမ်းစဉ်သူတို့သွားနေတယ်လို့ ပြောတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်မတို့ ဒီမိုကရေစီလမ်းစဉ်သွားနေတယ် ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် ကျွန်မတို့တွေ လမ်းဖွင့်ပေးရမဲ့ အခြေအနေမျိုးတွေရှိတယ်။ ကျွန်မတို့ဒေသခံတွေ အစုအဖွဲ့လုပ်ရင် ပိတ်ပင်တဲ့ဟာမျိုးတွေ ရှိနေသေးတယ်။ ဒါကဘယ်လိုဖြစ်တာလဲ ဆိုတဲ့မေးခွန်းမေးစရာလေးတွေရှိတယ်။ ကျွန်မတို့သာ ငြိမ်းချမ်းရေးတစ်ကယ်ရချင်တယ် ဒီမိုကရေစီလမ်းစဉ်အတိုင်းသွားတယ်ဆိုရင် ဒါတွေကိုလမ်းဖွင့်ပေးရတော့မယ် လူငယ်တွေရဲ့အခန်းကဏ္ဍကို များများဖွင့်ပေးဖို့လိုတယ်လို့ ကျွန်မထင်တယ်။ ကျွန်မက လူငယ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအရာတွေရှိနေသေးရင်တော့ ငြိမ်းချမ်းရေးအတွက် အလှမ်းဝေးနေသေးတယ်လို့ ကျွန်မမြင်တယ်။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင်တော့ အရင်ကဆိုရင် တိုက်ပွဲနဲ့ ပတ်သက်လာရင် အပြင်းထန်ဆုံးက ကျနော်တို့ ရှားတောဖက်ပဲပေါ့နော။ ၂၀၁၂ လောက်ကနေစပြီး ခုချိန်ထိပေါ့ ပြောင်းလဲတာတော့ နည်းနည်းလေးတော့ ပြောင်းလဲလာတယ်ပေါ့နော တခါတလေလည်း ဒီအတိုင်းပဲ တခါတလေကျတော့လည်း တက်လိုက်ကျလိုက်ပေ့ါ ပြည်သူတွေကလည်း တိုက်ပွဲ မဖြစ်တော့ရင် အဆင်ပြေတယ် ဒါ ငြိမ်းချမ်းရေးပဲလို့ သူတို့ထင်ကြတာလည်း ရှိနိုင်တယ်။ တခါတလေကျရင် ပဠိပက္ခပြန်ဖြစ်တယ် သေနတ်သံတွေ ပြန်ကြားရရင် လူထုတွေက တိုက်ပွဲ ပြန်ဖြစ်ပြီ ဆိုပြီးတော့ ထင်ကြတာလည်း ရှိတယ်။ အဓိကက သူတို့တွေ စာချုပ်ချုပ်ထားတဲ့အတိုင်း လိုက်နာနိုင်ရင် ပိုပြီးအဆင်ပြေမယ်လို့ ကျနော်တို့က အဲ့လိုပဲ မြင်ကြတယ်။