spot_imgspot_imgspot_imgspot_img
Saturday, December 21, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်တစ်နေရာတွင် ဝင်ငွေမရှိသဖြင့် ဆောင်းသီးနှံများ စိုက်ပျိုး

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတစ်နေရာမှာ နေ့စဥ်စားသုံးစရိတ် သက်သာချောင်ချိရေးအတွက် စစ်ဘေးရှောင်တွေက ဆောင်းရာသီ သီးနှံတွေကို စိုက်ပျိုးနေကြရပါတယ်။

အခြေခံစားဝတ်နေရေးနဲ့ ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တွေအတွက် စစ်ရှောင်မိသားစု တွေက အခုလို စိုက်ပျိုးကြရတာဖြစ်တယ်လို့ စစ်ရှောင် အရေးကူညီသူ တစ်ဦးကပြောပါတယ်။

“စစ်ဘေးရှောင်ရဲ့ လက်ရှိမှာတော့ သူတို့မှာ ဝင်ငွေတွေ မရှိတော့ဘူး။ ပြီးတော့ အပြင်ကိုပဲ မှီခိုပြီးစားနေတော့ ပိုက်ဆံကလည်း ထွက်နေတဲ့ ဒုက္ခတွေရှိနေတယ်၊ အဲဒါကြောင့်မလို့ ကော်မတီရဲ့ ရည်မှန်းချက်နဲ့အညီပေါ့၊ သူတို့စိုက်ပျိုးထုတ်လုပ်နိုင်အောင် လုပ်ပေးခြင်းအားဖြင့် သူတို့ရဲ့ မိသားစုကိုယ့်ကိုရှာစားနိုင်မယ်ဆိုရင် ပိုပြီးတော့ကောင်းလာမယ်။” လို့ စစ်ဘေးရှောင် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ကူညီဆောင်ရွက်ပေးသူ တစ်ဦးက ပြောပါတယ်။

ဆောင်းသီးနှံ တွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကို အဓိက စိုက်ပျိုးကြပြီး အခြားသီးနှံတွေကိုလည်း စိုက်ပျိုးကြပါတယ်။

ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဒေသတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာကြတာဖြစ်ပြီး မိသားစု၏ သက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ကိုယ်ထူကိုယ်ထ စတင်ရုန်းကန်နေကြရပါတယ်။

“ပျိုးတွေကတော့ စပြီးရေလောင်းရတော့မယ်၊ အလည့်ကျရေလောင်းရတော့မယ်၊ ဆလပ်တွေလည်း စိုက်ပျိုးဖို့လိုနေတယ်၊ အမြန်စားလို့ရတဲ့ဟာတွေ ကြက်သွန်က ရေသွင်း ရေထုတ်စနစ်နဲ့ ပြုလုပ်မယ်။ ရေလောင်းလို့မရပြန်ဘူး၊ တစ်ပတ်နှစ်ပတ်အတွင်း မိုးရွာခဲ့ရင်လည်း ရေလောင်းဖို့ အချိန်သိပ်မပေးရပါဘူး” လို့ စိုက်ပျိုးထားတဲ့ သီးနှံတွေနဲ့ ပါတ်သက်ပြီး စစ်ဘေးရှောင် ကောင်မတီတစ်ဦးက ပြောပါတယ်။

လက်ရှိ စိုက်ပျိုးရေးလုပ်နေတဲ့ စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင် မိသားစု အိမ်ခြေ ၂၀၀ နီးပါး ရှိနေပြီး ဖရူဆိုမြို့နယ်မှာ စစ်ရှောင် ဦးရေ ၆၀၀၀ ဝန်းကျင်ရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts