spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင် လူထုတွေကို အခြေခံ စိုက်ပျိုးရေးနဲ့ သဘာဝမြေသြဇာ၊ မြေဆွေးပြုလုပ်နည်း ပို့ချပေး

CJ(ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင် လူထုတွေကို အခြေခံ စိုက်ပျိုးရေးနဲ့ သဘာဝ မြေသြဇာ၊ မြေဆွေး ပြုလုပ်နည်း ကို ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ရက်နေ့က စတင်ပြီး (၅) ရက်တာ သင်တန်း ပို့ချပေးခဲ့တယ်လို့ စစ်ရှောင်လူထုထံကနေ သိရပါတယ်။

“အဓိက စိုက်ပျိုးရေး အကြောင်းပေါ့၊ လက်တွေ့မှာတော့ ပူကာရှင်၊ မြေဆွေး၊ သဘာဝ အပင်အားဆေး၊ ပိုးသတ်ဆေး တွေကို (၄)မျိုး အထိ ပို့ချပေးခဲ့တယ်။” လို့ စစ်ရှောင်အမျိုးသား တစ်ဦးက ဆိုပါတယ်။

သင်တန်းပို့ချပေးတဲ့ ဒေသဖွံ့ဖြိုးရေးအဖွဲ့ ဆီကနေလည်း စိုက်ပျိုးရေးလုပ်ငန်းသုံး ရေလောင်းပုံး၊ ဓား၊ ပေါက်ပြား၊ ထွန်ခြစ် စတဲ့ ပစ္စည်းတွေကိုလည်း လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလိုသင်တန်းပို့ချပေးတာက စစ်ရှောင်လူထုအတွက် စိုက်ပျိုးရေးလုပ်ငန်းအသိပညာတိုးလာပြီး လက်တွေ့ အကျိုးရှိတယ်လို့ စစ်ရှောင် တစ်ဦးက ဆိုပါတယ်။

“အားလုံးတော့ အကျိုးပြုမှာပါ၊ ဒါပေမယ့် ဓာတုမြေသြဇာလိုတော့ မဟုတ်ဘူးပေါ့၊ မြန်ဆန်မထိရောက်ဘူးပေါ့၊
ပို့သတ်ဆေးမှာတော့ ဆေးရွက်ကြီးနဲ့ ပြုလုပ်တယ်၊ ပိုးပြင်းအတွက်လောက်ပဲပေါ့၊ အပင်အားဆေးမှာတော့ ငါးနဲ့ရောစပ်ထားတဲ့ဟာပေါ့၊ ပြီးတော့ စိုက်ပျိုးရေး နည်းပညာပိုင်းတွေ အကျိုးပြုပိုး၊ အကျိုးမပြုပိုး၊ ဘယ်လို အသုံးပြုသလဲ စတဲ့ အသိပညာတွေကိုလာရောက်ပို့ချပေးခဲ့တယ်”လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင် လူထုတွေကို အခြေခံစိုက်ပျိုးရေး၊ သဘာဝမြေသြဇာပြုလုပ်နည်း၊ ကိုင်းဆက်နည်း စတဲ့
အသိပညာပို့ချပေးခဲ့တာဖြစ်ပြီး ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်စခန်း ၂ ခု၊ ကျေးရွာ ၃ ရွာထဲမှ စစ်ရှောင်လူထု စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

spot_img
spot_img