spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးအပြင် ရေဘေးပါကြုံတွေ့နေကြတဲ့ စစ်ဘေးရှောင်တွေအတွက် တပ်ရင်းတချို့လည်း စားနပ်ရိက္ခာထောက်ပံ့မှုတွေ ကူညီဆောင်ရွက်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်၊ မိုးဗြဲဆည်ရေဖောက်ချတဲ့ချိန်ကစပြီး လက်ရှိအချိန်ထိ ရေဘေးနဲ့ ရင်ဆိုင်ကြုံတွေ့နေကြတဲ့ စစ်ရှောင်တွေအတွက် တော်လှန်ရေးတပ်ဖွဲ့တချို့က စားနပ်ရိက္ခာထောက်ပံ့မှုတွေ ပေးနေတာရှိတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ တွေအနေနဲ့ စစ်ရှောင်ကူညီရေးအဖွဲ့အစည်းတွေလို ထဲထဲဝင်ဝင် မလုပ်ဆောင်နိုင်ပေမဲ့ တတ်စွမ်းသလောက် ကူညီဆောင်ရွက်သွားဖို့ ရှိတယ်လို့ Loikaw Local PDF ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျနော်တို့က Loikaw Local ဖြစ်တာကြောင့် လွိုင်ကော်မြို့ထဲက ရေဘေးသင့်ကိုတော့ ထဲထဲဝင်ဝင်လုပ်နိုင်မှာ မဟုတ်ဘူးပေါ့နော် ။ အထူးသဖြင့် လွိုင်ကော်နယ်စပ် ၊ ရှမ်း-ကရင်နီ နယ်စပ်ဖက်မှာ ကူသွားဖို့ များမယ်ပေါ့နော်။ လုပ်ကူတယ်ဆိုတာလည်း ကျနော်တို့ကလည်း စစ်ရေးတစ်ဖက်နဲ့မို့ မြေပြင် မှာ ကူနေတဲ့ စစ်ရှောင်ကူညီရေးအဖွဲ့လောက်တော့ ကူနိုင်မှာမဟုတ်ဘူးပေါ့။ ကိုယ်တတ်နိုင်သလောက်ပေါ့‌နော်။”လို့ Loikaw Local PDF ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ၅ရက်အတွင်း ပြည်တွင်းပြည်ပ အလှူရှင်ကနေ ကောက်ခံရရှိထားတဲ့ အလှူငွေနဲ့ စစ်ရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာ သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။

ဒါ့အပြင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် က တပ်ရင်းတချို့လည်း ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ရှောင်တွေကို ကူညီလှူဒါန်းပေးတာရှိပါတယ်။

လက်ရှိ ကရင်နီပြည်မှာရေဘေးသင့်တဲ့ ပြည်သူတွေရဲ့ စာရင်းအရ ဒီး‌‌မော့ဆိုမြို့နယ်မှာ လူဦးရေ ၄၄၄၁ ဦး၊ ဖရူဆိုမြို့နယ်မှာ ၂၀၀ ဦး၊ ဖားဆောင်းမှာ ၃၄၉ဦး၊ ဖယ်ခုံမြို့နယ်မှာ ၂၆၀၀ ဦး၊ ရှားတောမှာ ၉၉၈ဦး နဲ့ ဘောလခဲမှာ ၅၀၀ ဦး ရှိတယ် IEC ရဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“အများစုကတော့ ဒီးမော့ဆိုမြို့နယ်ပေါ့နော်။ အထူးသဖြင့် ဒီပွန်ချောင်းတောက်လျှောက် အဲ့တာတော့ အများဆုံး ထိခိုက်နစ်နာသွားတာပေါ့နော်။ ပြီးတော့မှ ခုလွိုင်ကော်မြို့နယ်ပေါ့နော် လွိုင်ကော်မြို့နယ်နဲ့ နန်းမယ်ခုံအစပ်တွေမှာ။ ပြီးတော့ လွိုင်ကော်-မိုးဗြဲအစပ် အဲ့ဒီနားက လူက ရေက ဆက်တက်နေတဲ့ အတွက်ကြောင့်မို့ ထိခိုက်နစ်နာမှုက အတက်အဆင်းရှိသေးတဲ့အတွက်ကြောင့်မို့ ပြောရခက်သေးတယ်။ တော်တော်များများက ဒီဒေါပေါ်ကလဲအထိရော နစ်သွားပြီ ရေရောက်သွားပြီ” လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ဆိုပါတယ်။

စစ်ရှောင်လူထုတွေဟာ စစ်ဘေးအပြင် ရေဘေးကို တစ်ပြိုင်တည်း ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် စားနပ်ရိက္ခာတွေအပြင် နေရာထိုင်ခင်းတွေလည်း လိုအပ်နေကြပါတယ်။

spot_img
spot_img

Recent posts