စစ်ဘေး ဒုက္ခသည်စခန်းမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်သွားမည်

ကရင်နီပြည်နယ်က စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်နဲ့ ကျန်းမာရေးဝန်ဆောင်မှုလိုအပ်ချက် တွေအတွက် အရေးပေါ်ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ကျန်းမာရေးကော်မတီ တာဝန်ခံ တစ်ဦးက ပြောပါတယ်။ ၎င်းက ” စစ်ဘေးရှောင်တဲ့နေရာမှာ ပုန်းခိုနေတဲ့ လူထုတွေရဲ့ ကျန်းမာရေး ေရာ နောက်ဒီကိုဗစ်ကာလပေါ့။ ကိုဗစ်ရောဂါအခြေအနေပေါ်မှာ တုံ့ပြန်ဆောင်ရွက်မှုတစ်ခုကို ပြုလုပ်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပြီး ကျနော်တို့ လူထုတွေရဲ့ ကရင်နီပြည်နယ်မှာ လိုအပ်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ဖြည့်စည်းပေးနိုင်ဖို့ ကျနော်တို့ ချိတ်ဆက်လုပ်ဆောင်ပေးနိုင်ဖို့ ဆိုပြီးတော့ ကျန်းမာရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ရတာပါ။ ” လို့ ပြောပါတယ်။ စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါပြန့်ပွားမှုဘပိုများလာတဲ့အတွက် ဆေးဝါးကုသမှုတွေ ကာကွယ်မှုတွေ လိုအပ်ချက်တွေရှိနေသေးတယ်လို့ KSCC ကျန်းမာရေးကော်မတီ တာဝန်ခံ ကပြောပါတယ်။ ” အခုကတော့ ဒီစစ်ဘေးရှောင်မှာပေါ့နော။ ဒီကိုဗစ်ပြဿနာက … Continue reading စစ်ဘေး ဒုက္ခသည်စခန်းမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်သွားမည်