spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ကလေးများ လုံခြုံစွာ စာသင်ကြားနိုင်ဖို့ ကျောင်းဆောင်သစ် ဆောက်လုပ်ပေး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်ကလေးငယ်များ လုံခြုံစွာ စာသင်ကြားနိုင်ဖို့အတွက် ကတ်သလစ်သာသနာအဖွဲ့ ICJM မှ စာသင်ကျောင်းဆောင် ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စာသင်ကျောင်းဆောင်ဟာ ပေါက်ပြဲပြီး အဆင်မပြေတော့တဲ့အတွက် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဩဂုတ်လ ၂ ရက်နေ့မှာတော့ ကျောင်းဆောင်သစ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

“ကလေးတွေရဲ့ပညာရေးဆက်လက်သင်ကြားနိုင်ဖို့ ကျမတို့ တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးတဲ့အနေနဲ့ ဒီစာသင်ကျောင်းကို ဆောက်လုပ်လှူဒါန်းတာဖြစ်ပါတယ်။ လုံလုံခြုံခြုံနဲ့ပေါ့ စာသင်ကြားစေချင်တယ်။အမိုးလဲ လုံစေချင်တယ် အကာလဲလုံစေချင်တယ်။ မိုးရွာသည်ဖြစ်စေ နေပူသည်ဖြစ်စေ စာသင်ကြားနိုင်တဲ့ အဆောင်တစ်ခု ဖြစ်မြောက်စေဖို့ အဲ့ဒီရည်ရွယ်ချက်နဲ့ ကလေးတွေကို ကျမတို့က လှူပေးတာ ဖြစ်တယ်” လို့ ကျောင်းဆောက်လုပ်ပေးတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ ကျောင်းသူကျောင်းသားနဲ့ ကျောင်းသားမိဘတွေ အပါအဝင် စုစုပေါင်းလူဦးရေ (၁၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ ကျောင်း မှာ ၅ တန်း အထိ ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူဦးရေ ၅၀ ဝန်းကျင်ကို ဆရာ၊ ဆရာမ ၁၀ ယောက်ကနေ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

spot_img
spot_img