စစ်ရှောင်ကူညီသူ ၃၀ ဝန်းကျင်ဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသူ ၂ ရာ ကျော်အထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီစစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း ၃၀ ဝန်းကျင် ဖမ်းဆီးခံရပြီး ကရင်နီပြည်နယ်အတွင်း ဖမ်းဆီးခံရသူ ၂ ရာကျော်အထိ ရှိလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဦးဗညားက ပြောပါတယ်။ “စစ်ရှောင်ကူညီတဲ့သူများတယ် အရင်တလောမှတ်တမ်းတင်ထားတဲ့ထဲမှာ ၂၂ ဦးရှိတယ်။ ဖြစ်စဉ်တစ်ခုနှစ်ခုရှိသေးတယ်။ အဲ့ဒါပေါင်းရင်တော့ ကျနော်ထင်တာတော့ ၃၀ဝန်းကျင်လောက် ကပ်လာတယ်ပေါ့နော။ ပုံစံ ၂ခုနဲ့ ဖမ်းဆီးတာတွေ့ရတယ်။ ပထမတစ်ခုက စားနပ်ရိက္ခာ သယ်နေရင်းပေါ့နော ဖမ်းဆီးခံရတာရှိတယ်။ စားနပ်ရိက္ခာပြန်သယ်ဖို့ကြိုးစားနေရင်းနဲ့ ဖမ်းဆီခံလိုက်ရတယ် အဲဒါအများစုဖြစ်တယ်။ နောက်တစ်ခုကတော့ အနည်းစုပေါ့ မရှိရင်တောင်မှ ၁၀ ယောက်ဝန်းကျင်နီးပါးလောက်ရှိတယ်။ စစ်ရှောင်တွေကို ဆန်၊ ဆီ သယ်ပေးနေရင်းတန်းလန်းနဲ့ ဖမ်းဆီးခံလိုက်ရပြီး သူတို့ကွင်းဆက်ပေါ့။ ပြန်လိုက်ပြီးတော့ တချို့မြို့ပေါ်မှာပေါ့နော ကူညီပေးတဲ့သူကို ဖမ်းတဲ့ဟာမျိုးပေါ့ တွေ့ရပါတယ်။” လို့ ဦးဗညားက ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ စက်တင်ဘာလ … Continue reading စစ်ရှောင်ကူညီသူ ၃၀ ဝန်းကျင်ဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသူ ၂ ရာ ကျော်အထိ ရှိလာ