spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတချို့မှာ မသန်စွမ်းသူတွေကို တန်းတူညီမျှ ပြုမူဆက်ဆံပေးဖို့အတွက် လူမှုအသင်းအဖွဲ့က သင်ကြားဟောပြောပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတချို့မှာ မသန်စွမ်းသူတွေကို တန်းတူညီမျှ ပြုမူဆက်ခံပေးဖို့အတွက် လူမှုအသင်းအဖွဲ့တစ်ခုက လာရောက်သင်ကြား၊ ဟောပြောပေးလျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ စစ်ရှောင်စခန်းတခုကို လာရောက်ဟောပြောပေးခဲ့ပြီး တလတကြိမ် ဟောပြောသင်ကြားမှုတွေကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

“မသန်စွမ်းသူတွေကို အပြုသဘောဆောင်တဲ့ အခေါ်အဝေါ် အသုံးအနှုန်း အသုံးပြုဖို့ လိုအပ်တယ်၊ (ဥပမာ) မသန်ပေမယ့် စွမ်းတယ်ဆိုတာမျိုးကိုပေါ့၊ တန်းတူထားရှိနိုင်ဖို အရေးကြီးတယ်၊ ခွဲခြားဆက်ဆံလို့ မရဘူးဆိုတာကို နားလည်ရမယ်။” အဆိုပါ လူမှုအသင်းအဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

မသန်စွမ်း အမျိုးအစား ၆ မျိုးအနက် ကိုယ်အဂါ မသန်စွမ်းသူ၊ အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံ မသန်စွမ်းသူ၊ ပြောဆိုဆက်ဆံမှု မသန်စွမ်းသူ၊ တစ်ကိုယ်ရေစောင့်ရှောက်မှု မသန်စွမ်းသူ၊ ညဏ်ရည် မသန်စွမ်းသူ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်အများစုဟာ နေရပ်မပြန်နိုင်တာ ၃ နှစ်ကြာကာလရှိနေပြီဖြစ်တာကြောင့်
စစ်ရှောင်စခန်းတွေမှာ ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အားပေးနှစ်သိမ့်ခြင်း အစီအစဉ်လည်း ပြုလုပ်ပေးခဲ့ပါတယ်။

ဖရူဆို စစ်ဘေးရှောင်စခန်းတွေမှာတော့ မသန်စွမ်း၊ သက်ကြီးရွယ်အိုတွေ များပြားနေပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု၊ နုတ်ဖြင့် လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုမှုများ၊ အိမ်တွင်း အကြမ်းဖက်မှုတွေကို ကြုံတွေ့ရပါက အဆိုပါ လူမှုအသင်းအဖွဲတွေထံမှာ အကြံပေးမှုရယူတာ၊ တိုင်ကြားတာတွေပြုလုပ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts