spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်တွေရဲ့ ဆန်ရိက္ခာနဲ့မိုးကာ ကြွက်ဖျက်ဆီးခံရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကဖုကန်ကြီး စစ်ရှောင်စခန်းမှာ စစ်ရှောင်တွေရဲ့ တဲ မိုးကာ နဲ့ ဆန် ကြွက်ဖျက်ဆီးမှုခံရတာကြောင့် အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“အဓိက ထိခိုက်တာက ကျနော်တို့ ‌မိုးကာတွေပေါ့နော်။ မိုးကာတွေထိခိုက်တာတွေရှိတယ်။ နောက် ဒီရေကန်တွေပေါ့နော်။ မိုးကာနဲ့ပြုလုပ်တဲ့ ‌ရေကန် တွေဖောက်တာတွေရှိတယ်။ မိုးကာတွေပေါ်မှာ ညဖက်လျှောက်ပြေးတာ နကိုယ်ကမှ လက်နက်ကြီးသံတွေကြောင့် အိပ်လို့မရပါဘူးဆို ကြွက်ပါထပ်တောင်းကျန်းတော့ ထပ်ပြီးတော့ အိပ်ရေးမဝ‌တော့ဘူးပေါ့နော်။ မိုးကာတွေကိုက်ဖျက်တယ်။ အဲ့တော့ မိုးကာတွေလိုအပ်ပြီ အဲ့လိုမျိုးတွေပေါ့နော်။” လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ဦးဖိုးဇော်က ပြောပါတယ်။

ဒါ့အပြင် အလှူရှင်ကလှူဒါန်းပေးတဲ့ ဆန်ရိက္ခာတွေပါ ကြွက်ကိုက်ဖျက်ဆီးတာကြောင့် စားသောက်ရေးမှာပါ အခက်အခဲရှိသွားတယ်လို့ ပြောပါတယ်။

“လာလှူပေးတဲ့ဆန်တွေကို ချက်ချင်းခွဲဝေပေးလိုက်မယ်ဆိုရင်တော့ ပြဿနာတော့မရှိဘူး။ စစ်ရှောင်တွေက သူတို့အိမ်မှာရှိတဲ့ ပုံးတွေနဲ့ထားရင်တော့ ပြဿနာမရှိဘူး။ သို့သော် ဂိုဒေါင်မှာထားပြီး နှစ်ရက်သုံးရက်နေမှ ဝေရင်တော့ ကြွက်လာဖျက်တယ်ပေါ့နော်။” လို့ ဦးဖိုးဇော်က ပြောပါတယ်။

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ အမိုးအကာတွေမလုံလောက်တဲ့အပြင် ကြွက်သောင်းကျန်းမှုတွေကြောင့် မိုးကာတွေပါ ထပ်ဖျက်ဆီးခံရတဲ့အတွက် အရင်ကထက် လိုအပ်မှုပိုရှိလာတယ်လို့ ဦးဖိုးဇော်က ပြောပါတယ်။

ကြွက်နှိမ်နင်းဖို့ ကြွက်ထောင်ချောက်ပြုလုပ်ထားသလို ကြောင်မွေးထားပေမဲ့လည်း ကြွက်တွေလျော့နည်းသွားတာ မရှိဘူးလို့ ဦးဖိုးဇော်က ဆက်ပြောပါတယ်။

“ကြွက်ထောင်ချောက်လေးတွေတော့ ထောင်တယ်။ တချို့ကျတော့မြုပ်တယ်။ တချို့ကျတော့ ကြောင်တွေကျွေးတယ်ပေါ့နော်။ ကြောင်လေးတွေမွေးထားတယ် အများကြီးပဲ။ကြောင်တောင်မနိုင်တော့ဘူး‌။”လို့ သူက ဆိုပါတယ်။

စစ်ရှောင်တွေဖြစ်တဲ့အတွက် ငွေရေးကြေးရေး မတတ်နိုင်တာကြောင့် ကြွက်သတ်ဆေးတွေ မဝယ်နိုင်ကြဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။

အဆိုပါစစ်ရှောင်စခန်းဟာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း လိုဘာခို- ဆီးဘူးသွားလမ်းပေါ်အနီးမှာ တည်ရှိပြီး အိမ်ခြေ ၃၅ ဝန်းကျင်နဲ့ စစ်ရှောင်ဦးရေ ၂၀၀ နီးပါးရှိနေပါတယ်။ တောတောင်နဲ့နီးစပ်တဲ့ နေရာတွေမှာ ခိုလှုံကြတဲ့ အခြားသော စစ်ရှောင်‌အများစု ကလည်း အဆိုပါကြွက်တောင်းကျန်းမှုကို ကြုံနေကြရတယ်လို့လည်း သိရပါတယ်။

spot_img
spot_img
spot_img

Recent posts