စစ်ရှောင်စခန်းတွေမှာ ကိုဗစ်တွေ့ရှိမှု ပိုများလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေ တိုးလာနေသလို စစ်ရှောင်ကြားမှာလည်း ကိုဗစ်တွေ့ရှိမှု တစ်နေ့ထက်တစ်နေ့ များလာနေပါတယ်။ လက်ရှိမှာဆိုရင် ဒီးမော့ဆို အရှေ့ဖက်ခြမ်းနဲ့ လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းတွေမှာ အဓိက တွေ့ရှိနေတာ ဖြစ်ပါတယ်။ လွိုင်ကော်အရှေ့ဖက်ခြမ်းမှာဆိုရင် စစ်ရှောင်စခန်းနှစ်ခုလောက်မှာ ကိုဗစ်တွေ့ရှိနေပါတယ်။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာဆိုရင်တော့ စစ်ရှောင်စခန်းတွေအပြင် ကျေးရွာတွေ တော်တော်များများမှာလည်း ကိုဗစ်တွေ့ရှိတာတွေရှိတယ်လို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ ကူညီဆောင်ရွက်ပေးနေတဲ့ နွေဦးဂရုလေးများ ကိုဗစ်စင်တာက တာဝန်ခံတစ်ဦးက ပြောပါတယ်။ ဒီအရှေ့ဖက် တစ်ကြောအတော်များများကတော့ အကုန်လုံး ဖြစ်တယ်လို့ပဲ ပြောရမယ်။ ပါဒေါဒူကနေစပြီး ဒေါတမကြီး၊ ဒေါညေးခူ အဲ့ဖက်ခြမ်းအထိ ကျနော်တို့ တွေ့နေရတယ်။ လို့ ပြောပါတယ်။ ကလေးရော၊ လူကြီးတွေပါ ကိုဗစ်တွေ့ရှိနေတာဖြစ်ပြီး များသောအားဖြင့် လူငယ်ပိုင်းတွေမှာ တွေ့ရှိမှုပိုများတယ်လို့ သိရပါတယ်။ ကိုဗစ်တွေ့ရှိတဲ့ လူနာတွေမှာ ပြင်းထန်လူနာ သက်ကြီးရွယ်အို … Continue reading စစ်ရှောင်စခန်းတွေမှာ ကိုဗစ်တွေ့ရှိမှု ပိုများလာ