စစ်ရှောင်စခန်းမှာ ကလေးတွေကို ပညာဆက်သင်ကြားပေးနေတဲ့ CDM ဆရာမ

ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက် အစိုးရဝန်ထမ်းတွေဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ CDMကို ပြုလုပ် ကြပါတယ်။ CDM ပြုလုပ်ပြီး လက်နက်ကိုင်လမ်းစဥ်သွားတဲ့လူတွေရှိသလို နေရပ်ဇာတိကိုပြန်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်တဲ့သူတွေလည်းရှိပါတယ်။ CDM ပြုလုပ်ပေမယ့် စာသင်ရတာကို ဝါသနာပါတဲ့ ဒေါ်မိုးမြာကတော့ စစ်ရှောင်တဲ့နေရာက ကလေးတွေကို ပညာသင်ကြားပေးတဲ့အလုပ်လုပ်တယ်လို့ သူကပြောပါတယ်။ “ကျမပညာဒါနဘာလို့ လုပ်ဖြစ်လဲဆို ကျမ ရဲ့ အလုပ်လေးကို ကျမအရမ်းမြတ်နိုးတယ်ပေါ့နော။ စေတနာ၊ ဝါသနာ၊ အနစ်နာ လည်း ပါဝင်ပြီးတော့ လုပ်ခဲ့တယ်။ အခုချိန်ထိလည်း လုပ်ချင်စိတ်ရှိနေတယ်ပေါ့နော။ မစွန့်လွှတ်နိုင်ပါဘူး။ တို့ရဲ့ ပညာရေးကို။” ပညာရေးဝန်ထမ်းမှာ လုပ်သက် ၂၁နှစ်ရှိပြီဖြစ်တဲ့ ဒေါ်မိုးမြာ ဟာ ကယား( ကရင်နီ) ပြည်နယ်မှာ အလယ်တန်းကျောင်းအုပ် အဖြစ် ၃နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလမှာ CDM … Continue reading စစ်ရှောင်စခန်းမှာ ကလေးတွေကို ပညာဆက်သင်ကြားပေးနေတဲ့ CDM ဆရာမ