spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်း တစ်နေရာအနီး တောမီး ဝင်ရောက်လာပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (မတ်လ ၉ရက်) နေ့လည် ၁၂ နာရီခွဲအချိန် စစ်ရှောင်စခန်း တစ်နေရာ ဆီ ဦးတည်ပြီး တောမီး လောင်ကျွမ်းလာခဲ့တာဖြစ်ပါတယ်။ ဘယ်နေရာမှာ စတင်လောင်ကျွမ်းတာကိုတော့ မသိရပေမယ့် စစ်ရှောင်စခန်းတစ်ခုဆီကို မီးတွေ ကူးစက်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

” ဘယ်အချိန်စလောင်တာလဲ ကျနော်တို့ မတွေ့ရဘူး။ ကျနော်တို့ ထိုင်စကားပြောနေရင်း မီးခိုးတဲ့အသံ ထွက်လာတာ သွားကြည့်လိုက်တော့ အနီးအနားမှာရောက်နေပြီ။ အဲ့မှာ တစ်ခါတည်း မီးသတ်ကြတော့တာ။ ၁၂နာရီခွဲ အချိန်လောက်က ” လို့ စစ်ရှောင်တစ်ဦးက ပြောပြပါတယ်။

စစ်ရှောင်တွေကနေ ဝိုင်းပြီး အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ပျက်ဆီးတာတွေတော့ မရှိဘူးလို့ သိရပါတယ်။

” ဒီလအတွင်းဆို ကျနော်တို့ မီးကို အကြောက်ဆုံးပဲ။ သူခိုးတွေဘာတွေက တစ်ခုမဟုတ် တစ်ခုတော့ကျန်ဦးမယ်။ မီးခိုးရင်တော့ ဘာမှ မကျန်တော့ဘူး။ အကုန်ပြောင်ပဲ။ အခက်အခဲ ဆုံးက ဒီမီးတွေပဲ ” လို့ မီးငြိမ်းသတ်ခဲ့တဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း တစ်နေရာက စစ်ရှောင်စခန်းတစ်ခုမှာ ဖြစ်သွားတာဖြစ်ပါတယ်။ အဲဲဒီ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၀၀နီးပါးရှိပြီီး ကျောင်းနေ ကလေး ၈၀ကျော် ရှိတယ်လို့ သိရပါတယ်။

နွေရာသီရောက်ပြီဖြစ်တဲ့အတွက် တောမီးလောင်ကျွမ်းမှုတွေ ပိုမို ဂရုစိုက်ဖို့လိုအပ်ပြီး မီးကို လက်လွတ်စပယ် မရှို့ကြဖို့ နဲ့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု သင်တန်းတွေ ပြုလုပ်ပေးဖို့လည်း လိုအပ်နေပြီလို့ စစ်ရှောင်တွေက ဆိုကြပါတယ်။

spot_img
spot_img