spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်မိသားစု အိမ်ပေါ် လက်နက်ကြီးကျရောက်ပြီး အမျိုးသားဖြစ်သူ သေဆုံး၊ ဇနီးနဲ့ သားဖြစ်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ အနောက်ဘက်ခြမ်း ကုန်းသာစစ်ရှောင်စခန်းမှာ ယမန်နေ့ အောက်တိုဘာလ ၂၃ရက်နေ့ ည ၉နာရီအချိန်မှာ လက်နက်ကြီးကျရောက်ခဲ့ပြီး အမျိုးသားဖြစ်သူပွဲချင်းပြီးသေဆုံးခဲ့ရသလို သေဆုံးသူရဲ့ အမျိုးသမီးနဲ့ ၈နှစ်အရွယ် သားလေးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ရှောင်စခန်းအနီး လက်နက်ကြီး သုံးလုံး ကျရောက်ခဲ့ပြီး တစ်လုံးကတော့ စစ်ရှောင်မိသားစုတစ်ခုရဲ့ အိမ်ပေါ်ကျရောက်ခဲ့တာ ဖြစ်တယ်လို့ သွားရောက်ကူညီကယ်ဆယ်ခဲ့တဲ့ ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ မနေ့ည ၉နာရီကျော်ကျော်လောက်မှာ ဒီ မိုးဗြဲအမြောက်တပ်ကနေ မိုးဗြဲအမြောက်တပ်ဆိုတာက မိုးဗြဲတပ်ရင်းပေါ့။၄၂၂တပ်ရင်း အဲ့ဒီကနေ ထုလာတယ်။ နှစ်ချက်သုံးချက်လောက်ထုလာတော့ အဲ့ဒီကုန်းသာစစ်ဘေးရှောင်တွေပေါ့။ ဒီလွိုင်ကော်အနောက်ဘက်ခြမ်းမှာရှိတဲ့ ကုန်းသာစစ်ဘေးရှောင်တွေနေတဲ့နေရာ ကျတာ တည့်တည့်ကျတော့ ဒီအမျိုးသား ၃၅နှစ်အရွယ်တစ်ဦးက သူ့အမျိုးသမီးတစ်ဦးကတော့ ၃၃နှစ်ပဲရှိသေးတယ်။ ဦးခေါင်းမှာဒဏ်ရာရရှိတယ်။ သူ့သား ၈နှစ်အရွယ်ကတော့ ပေါင်မှာ ဒဏ်ရာရရှိထားတယ်။ ၆လသား အငယ်တစ်ယောက်ကတော့ ဘားမှတော့ မဖြစ်ဘူးပေါ့နော။ အဲ့ဒီလိုအခြေအနေရှိတယ်။ တိုက်ပွဲကတော့ အဲ့ဒီအနီးအနားမှာ တိုက်ပွဲဖြစ်ပွားတာမျိုးလည်းမရှိဘူး။ စစ်ကောင်စီက ရမ်းသမ်းထုတဲ့ ပုံစံမျိုး အဲ့ဒီလိုမျိုးပုံစံ။ ” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရထားတဲ့ အမျိုးသမီးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိခဲ့တယ်လို့ ဆိုပါတယ်။ ယခင်က စစ်ဘေးရှောင်စခန်းအပြင်ဘက်မှာ လက်နက်ကြီးကျရောက်တာ သုံးကြိမ်ရှိခဲ့ဖူးပေမဲ့ လူထိခိုက်တာမျိုး မရှိဖူးဘူးလို့ ဆိုပါတယ်။

အဲ့ဒီကုန်းသာစစ်ဘေးရှောင်စခန်းမှာ လူဦးရေလေးထောင်ဝန်းကျင်ရှိနေပြီး စစ်ကောင်စီအခြေစိုက် မိုးဗြဲတပ်ရင်း ၄၂၂တပ်နဲ့ ၁၀မိုင်ဝန်းကျင်ကွာဝေးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ကရင်နီပြည်တွင်းမှာ အောက်တိုဘာလ ၁ရက်ကနေ ၂၃ရက်နေ့အထိ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီး အသက် ၅နှစ်နဲ့ ၈နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၇ ဦးနဲ့ သေဆုံးသူ တစ်ဦးရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts