spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ရင်း ပစ္စည်းပြန်လာယူတဲ့ လွိုင်ကော်ဒေသခံသုံးဦး လက်နက်ကြီးထိမှန်ပြီး နှစ်ဦးသေဆုံး၊ တဦးဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှာ စစ်ရှောင်ရင်း ပစ္စည်းပြန်လာယူတဲ့ ဒေသခံတွေရှိတဲ့နေရာကို လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် နှစ်ဦးသေဆုံးပြီး၊ တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မိုင်းလုံးရပ်ကွက်အတွင်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၆ နာရီကျော်အချိန်က လက်နက်ကြီးနှစ်လုံးကျရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမတလုံး ကျရောက်ပေါက်ကွဲစဉ်မှာ ထွက်ပြေးတိမ်းရှောင်ကြရင်း ထပ်မံကျရောက်လာတဲ့ တလုံးကြောင့် အမျိုးသားတဦးပွဲချင်းပြီး သေဆုံးခဲ့ရပြီး၊ နောက်ထပ်တဦးမှာ သွေးထွက်လွန်မှုကြောင့် ထပ်မံသေဆုံးခဲ့ရတယ်လို့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတဦးက ပြောပါတယ်။

“ညအချိန်ပေါ့ ၆နာရီကျော်လောက်ပေါ့ ကျနော်တို့က ပစ္စည်းတွေယူဖို့ မနက်ဖြန်ပြန်ထွက်ဖို့ ပြောနေကြတာ အဲ့မှာ ကျနော်တို့ ၄၊ ၅ ယောက်လောက်ရှိမယ်။ ဝိုင်းပြီး စကားပြောနေကြတုန်း ပထမလက်နက်ကြီးတလုံးကျတယ် လူမထိသေးဘူး။ ဒီအတိုင်းဆိုမဖြစ်ဘူး လူစုခွဲကြမယ်ပြောတုန်းပဲရှိသေးတယ် ဒုတိယတလုံးထပ်ကျတယ် ကျနော်တို့ရှိတဲ့နေရာကွက်တိကို ကျတယ်။ အဲ့မှာ ရပ်ကွက်ထဲက ဦးလေးတယောက်တော့ ပွဲချင်းပြီးဆုံးတယ်။ နောက်တယောက်က ခြေပြတ်သွားတယ် သူက နောက်ရက်မှ ဆုံးသွားတယ်လို့ ပြန်ကြားရတယ်။ သွေးထွက်လွန်ပြီး ဆုံးသွားတာလေ။ ကျနော်က ခေါင်း၊ ပုခုံး၊ ခြေထောက် ထိသွားတယ်။ သွေးထွက်မလွန်ခင် နဲ့ ကျန်တဲ့သူရဲ့အခြေအနေတွေကို ပြန်ပြောပြနိုင်အောင်ဆိုပြီး ဆိုင်ကယ်လည်းမောင်းနိုင်သေးတယ်ဆိုတော့ ရအောင်ထွက်လိုက်တယ်။” လို့ ထိခိုက်ဒဏ်ရာရရှိသွားသူက ပြောပါတယ်။

သေဆုံးသူနှစ်ဦးမှာ မိုင်းလုံးရပ်ကွက်အတွင်းက အသက် ၅၅ နှစ်အရွယ် ဦးဝင်းနိုင်ဦး နဲ့ ဦးငယ် တို့ဖြစ်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၁ လေးလုံး စစ်ဆင်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေဟာ စစ်ရှောင်ရင်း ရိက္ခာပြတ်လပ်တာ၊ အသုံးအဆောင်ပစ္စည်းတွေ မပါလာတာကြောင့် နေအိမ်ပြန်ပြီး ပစ္စည်းပြန်ယူကြတာ ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts