spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်အမျိုးသမီးတွေ ချည်ထိုးဖို့အတွက်ကို ဒုတိယအကြိမ်လှူဒါန်းခဲ့

ကန္တာရဝတီတိုင်း ( မ် )

ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာနေထိုင်တဲ့ စစ်ရှောင်စခန်းက အမျိုးသမီးတချို့ကို ဒုတိယအကြိမ် ချည်တွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ ကယားလီဖုအဖွဲ့ဝင် တစ်ဦးက​ ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ရှောင်တွေအတွက် တစ်ဖက်တစ်လှမ်း ဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးတာဖြစ်တယ်လို့ ကယားလီဖု အဖွဲ့ဝင်တစ်ဦးကဆက် ပြောပါတယ်။

“ အဓိကကတော့ ပညာလည်း ရခိုင်းစေချင်တာရယ် ပြီးတော့ သူတို့ရဲ့ ဘယ်လိုပြောရမလဲ ဝင်ငွေမရှိတဲ့အခါကျတော့ ငွေပေးချင်တာရယ်။ အဲ့တစ်ခုပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး စစ်ရှောင်နေရပေမယ့်လည်း အရင်ကလိုမျိုး သူတို့ ခြံထဲ မသွားရတော့ဘူး ဆိုတဲ့ အခါကျတော့ ဝင်ငွေက တအားနဲ့ ခက်ခဲတယ် ဆိုတဲ့ အခြေအနေမှာရှိတယ် ညီမတို့ ကွင်းဆင်းပြီး သူတို့ကို စကားပြောကြည့်တိုင်းလဲ ဘာအခက်အခဲရှိလဲ မေးတဲ့အခါကျတော့ ဝင်ငွေမရှိဘူး ဝင်ငွေမရှိခါကျတော့ စားဖို့ သောက်ဖို့လည်း အဆင်မပြေဘူး။ အဲ့မျိုးဟာတွေရှိတယ်ပေါ့နော။ “ လို့ ၎င်းက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ရှောင်နှစ်သိန်းနီးပါးရှိနေပြီး အများစုဟာ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။ စစ်ရှောင်တစ်နှစ်ရှိသွားပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေ အလုပ်အကိုင်မရှိ၊ အလှူရှင်တွေလည်း နည်းပါးလာပါတယ်။

စစ်ရှောင်အမျိုးသမီးတစ်ဦးက လက်ရှိမှာ တစ်ဖက်တစ်လှမ်းဝင်ငွေလည်းရသလို နောင်တစ်ချိန်မှာလည်း စီးပွားရေးအဖြစ်ပြန်လုပ်ကိုင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ ကျမတို့အတွက် ဝင်ငွေလည်းရတယ်။ အလုပ်အကိုင်လည်းရတယ်။ အဲ့ဒါကြောင့် ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ ကျမတို့ ကျေးရွာတွေကို ပြန်နေလို့ ရတဲ့အချိန်ကျရင် ကျမတို့ စီးပွားရေးအဖြစ်နဲ့ ပြန်လုပ်လို့ ရနိုင်တယ်။ ကျမတို့ ပိုက်ဆံလည်း ရတယ်။ ပညာလည်းရတယ်ပေါ့။ ကျမတို့ ရွာတွေမှာပဲ နေခဲ့မယ်ဆိုရင်လည်း ကျမတို့ကို ဒီလိုမျိုး ပြန်သင်ပြပေးမယ့် သူလည်းရှိမှာမဟုတ်ဘူး။ ကျမတို့လည်း မသိဘူး။ ဒီစစ်ဘေးရှောင်ရောက်မှပဲ ချည်ထိုးဖူးတာ။ နောင်တချိန်ကျရင်လည်း ကျမတို့အတွက် အကျိုးရှိနိုင်တယ်။ “ လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးတွေ ကျွမ်းကျင်တဲ့လူဆိုရင် တစ်ရက်ကို ဦးထုတ်တစ်လုံး ထိုးနှံပြီး ကျွမ်းကျင်မှု မရှိသေးတဲ့လူဆိုရင်တော့ သုံးရက်ကို ဦးထုတ်တစ်လုံး ထိုးနှံနေတာတွေလည်း ရှိပါတယ်။

စစ်ရှောင်တွေထိုးပြီးသား ဦးထုတ်တွေ၊ ပန်းပွင့်ပုံစံ၊၊ ကရင်နီစာလုံးပုံစံ ထိုးနှံတွေကိုလည်း ဝယ်ယူသူတွေနဲ့ ချိတ်ဆက်ပြီး ပြန်ရောင်းချပေးနေတာတွေလည်းရှိနေပါတယ်။

ယခင်က ၂၀၂၁ခုနှစ် နှစ်ကုန်ခါနီးလောက်က စစ်ရှောင်စခန်းမှာ စိတ်ပါဝင်စားတဲ့ အမျိုးသမီး ၅ဦးကို နှစ်ရက်သာ ချည်ထိုးနည်းသင်တန်း သင်ကြားပို့ချပေးခဲ့ပြီး ပြန်လည်မျှဝေခိုင်းပြီး အသက်မွေးဝမ်းကြောင်းကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

spot_img
spot_img