spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်အာဏာရှင်ကို အမြဲတိုက်နေတဲ့ ကရင်နီအာဇာနည်သူရဲကောင်း

အမျိုးသားရေးအတွက် တိုက်ပွဲမှာ ခြေထောက်တဖက် ဆုံးရှုံလိုက်ရတဲ့ ဦးတော်ရယ်

ကန္တာရဝတီတိုင်း(မ်)

အသက်၄၀ကျော်အရွယ် ဦးတော်ရယ်ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)  ရဲဘော်တစ်ဦးဖြစ်ပါတယ်။

အိမ်မှာပဲနေပြီး တိုက်ပွဲမသွားနိုင်တော့တာ လာမယ့်နှစ်နဲ့ဆိုရင် နှစ်ပေါင်း ၃၀ရှိသွားပါပြီ။  သူဟာ ၁၉၉၂ခုနစ်မှာ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် စွန့်လွှတ်လိုက်ရပါတယ်။

ကရင်နီပြည်နယ်ရဲ့ တော်လှန်ရေး တိုက်ပွဲမှာ  မိုင်းနင်းမိပြီး အသက်ဆုံးရှုံးရတဲ့ သူတွေရှိသလို ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ သူတွေလည်း များစွာရှိခဲ့ပါတယ်။

ကရင်နီပြနယ်ရဲ့ သံလွင်ချောင်းဘေးက တာတမောမှာ စစ်တပ်တွေကို တိုက်ဖို့ သွားရင်း မိုင်းနင်းမိခဲ့ပါတယ်။ စစ်တပ်က တပ်ဆုတ်သွားတဲ့အတွက် သူ့တို့နေရာဝင်ယူပြီး တိုက်ခိုက်ဖို့ နေရာယူနေချိန်မှာပဲ မိုင်းနင်းမိခဲ့တာ လို့ သူကပြောပါတယ်။

“မနက်ဖြန်ကျရင် စစ်တပ်စခန်းကို သွားမယ်ပေါ့။သူတို့လည်း အကုန်ပြန်ကုန်ပြီဆိုတော့  ကျနော်တို့ ရောက်တော့ မိုးချုပ်သွားတော့ တခါတည်းသွားအိပ်လိုက်တယ်။ မနက်ဖြန်ကျရင် ဆက်သွားမယ်။ တောင်ပေါ်ဆက်တက်မယ်အဲ့လိုပေါ့။ အဲ့တော့ အဲ့နားမှာ ဗုံးတွေအများကြီးရှိတယ်ကော ကျနော်တို့လည်း မသိဘူး။ ကျနော်တို့ အိပ်တော့ ညကင်းစောင့်တယ်။ ကင်းစောင့်တဲ့အချိန် ည၇နာရီမှာ တစ်ယောက်ထိသွားတယ်။ ထမ်းပြန်လိုက်တယ်။ ဟိုသွားဒီသွားမလုပ်နဲ့ လူကောင်ကြီးပြီး အားကြီးတဲ့လူတွေကို အကုန်ရွေးလိုက်တယ်။ ကျနော်တို့က နောက်မှာကျန်ခဲ့တယ်။ နောက်မှာကျန်ခဲ့တော့ မနက် ၆နာရီအချိန်မှာ ကျနော်ထသွားတော့ ထပ်မိသွားတယ်ပေါ့။ “

အမျိုးသားရေးအတွက် တိုက်ပွဲမှာ ခြေထောက်တဖက် ဆုံးရှုံလိုက်ရတဲ့ ဦးတော်ရယ်

ဦးတော်ရယ်ဟာဆိုရင် ကရင်နီတပ်မတော်မှာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် တော်လှန်ရေးအတွက် တိုက်ပွဲ၀င် တာ၀န်ထမ်းဆောင် ရင်း ခြေထောက်တစ်ဖက် စွန့်လွှတ်လိုက်ရသလို သူ့လိုပဲ တခြားအသက်ပေးသွားတဲ့သူတွေ ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ သူတွေအားလုံးဟာ ကရင်နီအာဇာနည်တွေ ဖြစ်ပါတယ်။

ယနေ့ စက်တင်ဘာလ ၈ရက်နေ့ဟာ ၇၃ကြိမ်မြောက် ကရင်နီအာဇာနည်နေ့ ဖြစ်ပါတယ်။

တော်လှန်ရေးကြောင့် ကျဆုံးသွားတဲ့သူတွေ တော်လှန်ရေးကြောင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ရတဲ့ လူတွေကို အဖွဲ့အစည်းတွေ လူထုတွေက အမြဲအမှတ်ရနေမှာ လို့ ကရင်နီအမျိုးသားပါတီ အတွင်းရေးမှူး (၁) ဦးဒယ်နီယာယ် ကပြောပါတယ်။

“ သူတို့ ဆုံရှုံးရတဲ့ ကျဆုံးရတဲ့ လူတွေဖြစ်စေ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရတဲ့ လူတွေဖြစ်စေ ဒါက ငါကိုယ် ကောင်းစားရေးအတွက် ငါလုပ်နေတာ မဟုတ်ပဲနဲ့ တစ်ဖွဲ့တစ်စည်း ကောင်းစားရေးအတွက် လုပ်နေတာမဟုတ်ပဲနဲ့ ဒါငါ့ အမျိုးသားအတွက် အလုပ်လုပ်နေတယ်။ အခွင့်အရေးတွေရရှိဖို့ ငါ့အမျိုးသားရေး လွှတ်မြောက်ဖို့အတွက် အလုပ်လုပ်နေတယ်ဆိုတာကို အဲ့တာကို ခံယူနိုင်ဖို့အတွက် ခံယူဖို့လိုတယ်ဆိုတာက သိစေချင်တယ်။ နောက်ပြီးတော့မှ အဲ့လိုမျိုး အရင်အရင်တုန်းက ခုဏကပြောသလိုပဲ လူများတော်လှန်ရေး ဘာကြောင့် လုပ်ရတယ်ဆိုတာကို မသိဘူး။ အခုက တော်လှန်ရေး ဘာကြောင့်လုပ်တာလဲဆိုတာကို လူတိုင်းက သိလာပြီ။ လူထုတစ်ရပ်လုံးလည်း သိလာပြီ အဲ့တာ ဆုံးရှုံးသွားတဲ့ ခြေလက်အင်္ဂါစွန့်လွှတ်တဲ့လူတွေရော တစ်ထောင့်တစ်နေရာမှာ အဖွဲ့အစည်းက အသိအမှတ်ပြုတယ်။ လူထုကလည်း အသိအမှတ်ပြုတယ်။ ဆိုတာ အမှတ်ရစေချင်တာပါ။ “

၇၃ကြိမ်မြောက် အာဇာနည်နေ့ဟာဆိုရင် ကျဆုံးသွားတဲ့ ကရင်နီအာဇာနည်သူရဲ ကောင်းတွေကို သတိရအောက်မေ့တဲ့ အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ကျင်းပပေးလေ့ရှိပါတယ်။

ဦးတော်ရယ်ဟာ ရှားတောဇာတိဖြစ်ပါတယ်။ သူငယ်ငယ်ကတည်းက ရဲဘော်ဖြစ်ဖို့ အိပ်မက်မက်နေခဲ့ပါတယ်။

သူဟာ ငယ်ငယ်ကတည်းက ပေါ်တာဆွဲတာတွေ စတဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ ကြီးပြင်းလာခဲ့တဲ့အတွက် တခြားဘာမှ မစဥ်းစားတော့ပဲ လက်နက်ကိုင်ဖို့ပဲ စိတ်ကူးခဲ့တာလို့ သူကပြောပါတယ်။

“ ဒီတစ်လမ်းပဲစဥ်းစားထားတယ် တခြားဘာမှမစဥ်းစားထားဘူး။ စိတ်ဓာတ်ကျတယ်ကော။ စိတ်ဓာတ်ကျတော့ ရဲဘော်ဖြစ်မယ် ရဲဘော်ဖြစ်မယ် အဲ့လိုပဲစဥ်းစားထားတယ်။ “

သူဟာ ၁၉၉၁ခုနစ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကို ဝင်ရောက်ပြီး တာဝန်စတင်ထမ်းဆောင်ခဲ့ပါတယ်။

“ကျနော်တို့ သွားတုန်းက ကျနော်တို့အရမ်းငယ်သေးတယ်  ရွာမှာနေတုန်းက စစ်တပ်တွေက တအားနှိပ်စက်တော့ ပေါ်တာခေါ်တာတို့ မသွားတတ်ရင် နာအောင် ရိုက်တာတို့ စိတ်နာသွားတယ်ပေါ့နော။ တအားနှိပ်စက်တယ်။ မခံနိုင်ဘူး။ ထမင်းလည်း အလုံအလောက်မစားရ။ “

ဦးတော်ရယ်မှာ မောင်နှမ ၉ယောက်ရှိပြီး ယောကျာ်းလေး၄ယောက်ရှိပြီး ၃ယောက်က ကရင်နီရဲဘော်ဖြစ်ကြပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေါတနောကျေးရွာမှာ တစ်နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဦးတော်ရယ်ဟာ တိုက်ပွဲတစ်ကြိမ်ဝင်ဖူးပါတယ်။ နောက်တစ်ကြိမ်တိုက်ဖို့အတွက် သွားတဲ့အချိန်မှာ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

ဦးတော်ရယ်လိုပဲ တော်လှန်ရေးမှာ ခြေလက်ဆုံရှုံးသွားရတဲ့ ရဲဘော်နဲ့ လူထုအားလုံးပေါင်း ၂၀၀ကျော်ရှိတယ်လို့ ဦးဒယ်နီယာယ်ကပြောပါတယ်။

၇၃နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့အခမ်းအနား

တော်လှန်ရေးစတင်ကတည်းက ကောက်ယူခဲ့တာဖြစ်ပြီး လက်လှမ်းမီသလောက် ကောက်ယူခဲ့တာလို့ သူကဆက်ပြောပါတယ်။

လက်လှမ်းမီသလောက် ပြန်လည်ကုစားမှုတွေ ပြုလုပ်ပေးပြီး သေဆုံးသွားရင်လည်း ကျန်ရစ်ခဲ့တဲ့ သားသမီးရဲ့ ပညာရေးကို ထောက်ပံ့ပေးတာ ရှိတယ်လို့ ဦးဒယ်နီယာယ်က ပြောပါတယ်။

အမျိုးသားအတွက် အလုပ်လုပ်နေတဲ့ ရဲဘော်တွေ လူထုတွေအားလုံးကို အာဇာနည်လို့ အသိအမှတ်ပြုတဲ့ နေ့ဖြစ်တယ်လို့  ဦးဒယ်နီယာယ်က ပြောပါတယ်။

“ တော်လှန်ရေးကာလတစ်လျှောက်မှာပါဝင်ပြီးတော့မှ တော်လှန်ရေးမှာ ပါဝင်ပြီးတော့မှ ကျဆုံးသွားတဲ့ ရဲဘော်တွေ ပါတီဝင်တွေ လူထုတွေ တော်လှန်ရေးကြောင့် သတ်ခံရတဲ့ လူထုတွေအပါအဝင် ဒါကတော့ အာဇာနည် အမျိုးသားအတွက် အလုပ်လုပ်နေတဲ့ ရဲဘော်တွေ လူထုတွေအပါအဝင် အဲ့တာကို အာဇာနည် အားလုံးကို အသိအမှတ်ပြုပါတယ်။ “

စစ်တပ်က အာဏာသိမ်းပြီးနောက် တော်လှန်ရေးတွေမှာ ကျဆုံးထိခိုက်သွားတဲ့ လူငယ်တွေဟာ  အာဇာနည်တွေပါပဲ။

ဦးတော်ရယ်ဟာ လက်ရှိ စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် တွေနဲ့ ကရင်နီတပ်မတော်တွေနဲ့ အတူ လက်နက်ကိုင်ပြီး ပြန်တိုက်ချင်တဲ့ စိတ်ဓာတ်ကတော့ ရှိနေဆဲပါ။

“ သွားနိုင်သေးရင်တော့ သူတို့ကို ထပ်တိုက်ချင်သေးတယ်။ ဒါပေမယ့် မသွားနိုင်တော့ဘူးကော။ “

spot_img
spot_img