spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စားဝတ်နေရေးအခက်အခဲကြောင့် စစ်ရှောင်နေတဲ့ ဒေါဘူးငံရယ်ရွာခံတစ်ချို့ လယ်စပါး ပြန်စိုက်နေကြ

Author

Date

Category

ကန္တရဝတီတိုင်းမ်

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် ၊ဒေါဘူးငံရယ်ကျေးရွာက စစ်ဘေးရှောင်နေတဲ့ ဒေသခံတစ်ချို့မှာ စားဝတ်နေရေး ကြပ်တည်းလာတာကြောင့် နေရပ်မှာ လယ်စပါးပြန်စိုက်နေကြတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

“ကလေးတို့ စားဖို့ ပေါ့။ ငတ်မှာကြောက်လို့ ။ တစ်ပိုင်တစ်နိုင်လေး နဲနဲပေါ့။ ငတ်မှာကြောက်လို့ ။ သူများလည်း မပံ့ပိုးပေးနိုင်ဘူးထင်တယ်ဆိုပြီးတော့မှ ကျတော်တို့ပြန်စိုက်ကြတာပေါ့။” လို့ လယ်စပါးပြန်စိုက်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေါဘူးငံရယ်ကျေးရွာမှာ တိုက်ပွဲကြောင့် ‌ဒေသခံတွေနေရပ်ပြန်မနေကြတော့တာ နှစ် နှစ်ရှိပြီ ဖြစ်ပါတယ်။ လယ်စပါး ပြန်စိုက်ဖို့တော်လှန်ရေးတပ်ဖွဲ့ဝင် ၊ ကျေးရွာတွင်းရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုအသိပေး ပြီး ခွင့်တောင်းခဲ့တယ်လို့ နောက်ထပ်‌ဒေသခံတစ်ဦး က ပြောပါတယ်။

“သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကိုမေးကြည့်တော့ စိုက်လို့ရတယ်တဲ့။ ကာကွယ်ရေးအဖွဲ့တွေလည်းပြောတယ်။ နောက်ဒီ စစ်ကောင်စီတွေလည်း ကျတော်တို့ ခွင့်တောင်းတော့ ရတယ်တဲ့ ပြန်လုပ်လို့ရတယ် သူတို့ပြောတယ်။” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

လယ်ယာပြန်စိုက်သူ ဒေသခံတွေကတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြရဆဲလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ရေရှည်စစ်ဘေးရှောင်နေရတဲ့အခါ အလှူရှင်ရရှိမှု နည်းပါးလာသလို စားဝတ်နေရေးအတွက် အလွန်ခက်ခဲလာတာကြောင့် စိုးရိမ်မှုတွေကြားက ပြန်လာစိုက်ပျိုးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လုံခြုံရေးကသူတို့ ( ကာကွယ်ရေးတပ်ဖွဲ့) တာဝန်မယူနိုင်ဘူး။ ကိုယ့်ဟာနဲ့ကို ပါးပါးနပ်နပ်နဲ့ပဲ ကိုယ့်ဟာကို လုပ်ကိုင်ကြပေါ့လို့ သူ (ကာကွယ်ရေးတပ်ဖွဲ့) ဒါပဲပြောတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဒေါဘူးငံရယ်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က တပ်စွဲနေရာယူထားတယ်လို့ သိရှိရပါတယ်။

spot_img
spot_img

Recent posts