spot_imgspot_imgspot_imgspot_img
Friday, October 18, 2024
spot_imgspot_imgspot_imgspot_img

စိတ်ဓတ်မြင့်တင်ရေးနှင့် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ပထမဆုံးအကြိမ် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ကျောင်းပေါင်းစုံ စိတ်ဓတ်မြင့်တင်ရေး နှင့် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲကို စက်တင်ဘာလ ဒုတိယပတ်ကစပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။

ခူးမီရယ် ( ကျောင်းဆရာတစ်ဦး )

“ဒီလိုဘောလုံးပြိုင်ပွဲလုပ်ပေးခါကျတော့လေ ကျနော်တို့ ပျင်းတာက ၃နှစ်ကျော် ၄နှစ်လောက်ရှိပြီပေါ့။တခါတလေ ကလေးတွေရဲ့စိတ်ထဲမှာ ဒီကြောက်ရွံ့မှုတွေလွဲရင် ကျန်တာဘားမှမရှိဘူး။ အားကစားဆိုတဲ့ ဘောလုံးပြိုင်ပွဲလုပ်ပေးခါကျတော့ ကျနော့်အနေနဲ့ဆို ဝမ်းသာတယ်။ ကျောင်းမှာဆိုရင် အားကစားပိုင်းဆိုရင် အမြဲလုပ်ချင်ခဲ့တယ်။ အရင်ကဆိုရင် ကာယချိန်ဆို စာပဲသင်ရတယ်။ အခုချိန်ဆိုလို့ရင်တော့ အားကစားတွေထည့်ပေးတော့ အရမ်းပျော်တယ်။ အရင်က စနစ်အရဆိုရင် ကာယချိန်ဆို စာပဲသင်တယ် အခုဆိုရင်တော့ အဲ့လိုမလုပ်စေချင်တော့ဘူး။ အားကစားဆို အားကစား ဘောလုံးဆို ဘောလုံး အဲ့လိုမျိုးလုပ်ပေးတော့ ဒီစနစ်က အရမ်း ကောင်းလာတယ်။ ဒီကလေးရဲ့စိတ်ထဲမှာ အရမ်းနဲ့ပျော်တယ် သူတို့ဆုတွေလည်းရတယ် ။ ပညာရေးဖက်ဆိုရင်လည်း ပိုပြီးတော့ ကျောင်းနေပျော်လာတယ်ပေါ့။”

အဆိုပါ အားကစားပြိုင်ပွဲကို ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာရှိတဲ့ 7 Stars Youth အဖွဲ့ကနေ ဦးဆောင်ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲတလျှောက်မှာ အသင်းပေါင်း ၁၈ သင်း ပါ၀င်ကစားခဲ့ပါတယ်။

ခူးဦးရယ် ( ဒေါလော်ခူစာသင်ကျောင်းမှ ကျောင်းသားတစ်ဦး )

“ အခုလို ကစားပွဲကျင်းပပေးတဲ့သူတွေကို ကျနော်အရမ်းကျေးဇူးတင်ပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုရင် စစ်ဘေးရှောင်နေရတော့ စိတ်ညစ်နေရတယ် ပျော်ရွင်မှုတွေ ပျောက်ကွယ်နေတယ် အနာဂတ်တွေလည်း ပျောက်ကွယ်ခဲ့ရတယ်။ အဲ့ဒါကြောင့် ကျနော်တို့ကို အခုလို ကျင်းပပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။”

စက်တင်ဘာလ ၂၃ရက်နေ့မှာ ပြုလုပ်တဲ့ ကျောင်းပေါင်းစုံ စိတ်ဓတ်မြင့်တင်ရေး နှင့် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ ပထမဆုကို ဘိုးလျား စာသင်ကျောင်းအသင်း၊ ဒုတိယဆုကို ဒေါလော်ခူ စာသင်ကျောင်းအသင်းနဲ့ တတိယဆုကိုတော့ ပွန်ချောင်း အမှတ် (၆) က အသီးသီး ရရှိခဲ့ကြပါတယ်။

spot_img
spot_img