ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း လေ့လာမှုအစီရင်ခံစာအရ ပြည်နယ်အတွင်းမှာ စိုက်ပျိုးရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု အလားအလာ အကောင်းဆုံးဟုတွေ့ရှိရသော်လည်း လက်တွေ့တွင် ဈေးကွက်ပြဿနာသည် တောင်သများအတွက် စိန်ခေါ်မှုများနှင့် ရင်ဆုံနေရသည်။
ပြည်နယ်အတွင်းဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အဓိက အသက်မွေးဝမ်းေကြာင်းပြုလုပ် နေကြရာ သီးနှံများကို ပွဲစားများက ဈေးနိမ်ဝယ်ကြသည့်အတွက် တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
ဖရူဆိုမြို့နယ် တော်ခူအုပ်စုအတွင်းရှိ တောင်သူများထံသို့ ကွင်းဆင်းမေးမြန်းခဲ့ရာတွင် စပါးဈေးများကို ပွဲစား များက စပါးထွက်ချိန် ဈေးနိုမ်ဝယ်ယူနေကြသည်ဟု ဖြေဆိုထားကြသည်။
တောခူအုပ်စုမှ တောင်သူ တစ်ဦးဖြစ်သည့် ဦးမိုင်းသိန်းက “ဈေးနှုန်းလည်း ပြောင်းလိုပဲ ဈေးနှုန်းနှိမ်ဝယ်တယ်။ လုပ်အားခနဲ့ ပြန်မကာမိတော့ တစ်နှစ်ပြီးတစ်နှစ် အေကြွးတင်တယ်။” ဟု ပြောသည်။
ကယားပြည်နယ်၏ အဓိက စိုက်ပျိုးရေးထွက်ကုန်များမှာ စပါး ၊ ပြောင်းနှင့် နှမ်းတို့ ဖြစ်ကြသည်။ ၎င်းထွက်ကုန်များကို တရုတ်နှင့် ထိုင်းသို့ နယ်စပ်ဂိတ်များမှ တင်ပို့ရောင်းချပြီး အချို့ကို မန္တလေး ၊ ရန်ကုန်နှင့် ရှမ်းပြည်နယ်သို့ တင်ပို့ရောင်းချကြပါသည်။
ကယားပြည်နယ်တွင် အလားအလာကောင်းသည့် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများမှာ စပါး ၊ နှမ်း ပြောင်း တို့ဖြစ်သည်။
စိုက်ပျိုးရေးကဏ္ဍသည် အလားအလာရှိသည့်လုပ်ငန်းတစ်ခုဖြစ်သော်လည်း အဓိက အတားအဆီးမှာ ဈေးကွက် အခြေအနေ မကောင်းခြင်းဖြစ်သည်။
ယာစပါး၊ မြေပဲ၊ ပြောင်းကောက်များ အဓိက စိုက်ပျိုးသည့် မာခရော်ရှေးအုပ်စုမှ ဦးပကူး ကလည်း ၎င်းတို့ ဒေသထွက်ကုန်များအတွက် ဈေးကွက်တည်ငြိမ်မှု လိုအပ်သည်ဟု ပြောပါသည်။
“ဈေးနှုန်းတွေမကိုက်ဘူး၊ ပြည်မနဲ့ ပြည်နယ်ကွားခြားလို့ ရင်းနှီးထားတာတွေ ပြန်မဖာမိဘူး၊ ဈေးကွက်တည်ငြိမ်ဖို့ လိုချင်တယ်။” ဟု ဦးပကူးက ပြောသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ဆိုင်ရာ စစ်တမ်းအရ စိုက်ပျိုးရေးနှင့် ဆက်စပ် စီးပွားရေးလုပ်ငန်းသည် ရာခိုင်နှုန်းအများဆုံးဖြစ်သည်ကိုလည်း အောက်ပါ အချက်အလက်တွင် တွေ့ရသည်။
၎င်းစစ်တမ်းတွင်လည်း ထွက်ရှိလာသည့် သီးနှံများကို ပြည်တွင်း၊ ပြည်ပဈေးကွက်များ တင်ပို့ရောင်းချနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန် ကုန်သည်ပွဲစားများ၊ နယ်စပ်ကုန်သွယ်ရေးတွင် ဈေးနှိမ်မခံရစေရန် တစ်ဖက်နိုင်ငံမှ လက်ကား ကုန်သည်ကြီးများနှင့် ဆက်သွယ်ဆောင်ရွက်သင့်သည်ဟု တိုက်တွန်းထားသည်ကို သိရှိရပါသည်။
တောင်သူလယ်သမားအကျိုးစီးပွားကာကွယ်သည့် ဥပဒေတွင်လည်း တောင်သူများအတွက် အာမခံရှိသည့် ဈေးကွက်ရှိရန် အစိုးရမှ ဖော်ဆောင်ပေးရမည်ဆိုသည့် အချက်ပါရှိသော်လည်း လက်တွေ့တွင် ၎င်းဥပဒေမှာ အသက်မဝင်သည့်အတွက် တောင်သူများ အတွက် အကျိုးမရှိပဲဖြစ်နေသည်ဟု တောင်သူလယ်သမားအဖွဲ့အစည်းများက ဝေဖန်သုံးသပ်ထားကြသည်။