spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

စီးပွားရေးတိုးတက်နှုန်း နှေးကွေးမှုကို SMEs မြှင့်တင်ခြင်းဖြင့် အဖြေရှာမည်

Author

Date

Category

ထျိုးမြာ

နည်းပညာပိုင်း ဖွံ့ဖြိုးမှု အားနည်းနေ၍ ခန့်မှန်ထားသည်ထက် စီးပွားရေး တိုးတက်မှု  နှေးကွေးနေသော ကယားပြည်နယ်အား အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများဖြင့် တိုးတက်ရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ်က ပြောသည်။

လျှပ်စစ်မီးနှင့် လမ်းပမ်းဆက်သွယ်ရေးများ တဖြည်းဖြည်းကောင်းမွန်လာပြီဖြစ်သော်လည်း အခြားစီးပွားရေးကဏ္ဍများ တိုးတက်မှု နှေးကွေးနေမှုအပေါ် အာရုံစိုက်မည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။ 

၎င်းက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းဆွေးနွေးပွဲကို မတ်လ ၁၂ နှင့် ၁၃ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပပြုခဲ့သည်။

နှစ်ရက်အတွင်း၏ ဆွေးနွေးချက်များသည် ပြည်နယ်၏ SME အခန်းကဏ္ဍအတွက် တိုးတက်ရာတိုးတက်ကြောင်း အရှိန်အဟုန်နှင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ကယားပြည်နယ် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားထားသည်။

ကယားပြည်နယ်သည် လူဦးရေနည်းပါးပြီး လျှှပ်စစ်ဓာတ်အား လုံလောက်စွာရရှိပြီး ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက်လည်း အလားအလာကောင်းသော ဒေသတစ်ခုဖြစ်သည်။ ၆၅ ရာခိုင်နှုန်းသော လုပ်ငန်းများသည် လယ်ယာလုပ်ငန်းများဖြစ်ပြီး စပါးနှင့် ပြောင်းသည် ဒေသ၏ အဓိကထွက်ကုန်များဖြစ်သည်။

ထို့သို့အချက်များအပေါ်အခြေခံ၍ ဒေသ၏ အားသာချက်နှင့် အခွင့်အလမ်းများကို ဝိုင်းဝန်းဆွေးနွေးပြီး ပိုမိုကောင်းမွန်သော မဟာဗျူဟာများ ပေါ်ထွက်လာပြီး ထိုမဟာဗျူဟာများကိုလည်း ဆက်လက်ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ရည်မှန်းထားသည်ဟု စက်မှုဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။

“ကျမတို့လိုချင်တဲ့ ပန်းတိုင်ဖြစ်တဲ့ SMEs(Small and Medium Enterprises) တွေ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်နိုင်ငံလုံးမှာရှိ အစိုးရအဖွဲ့အစည်းတွေ ပြည်နယ်အစိုးရတွေ တိုင်းပြည်ရဲ့အစိုးရတွေ ဒါတွေရဲ့အားကောင်းတဲ့ ပံ့ပိုးမှုတွေရှိမှ SMEs ရဲ့လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိမှာဖြစ်ပါတယ်။ အခုချိန်မှာတော့ နိုင်ငံတော်ကနေ အသိအမှတ်ပြုပြီး တော့ sme တွေပံ့ပိုးပေးမဲ့ အစီအစဉ်ကို အရမ်းကို အာရုံစိုက်ပြီးဆောင်ရွက်နေပါတယ်” ဟု၎င်းက ပြောပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့အစည်းများ၊ ပြည်နယ် CSOs များ၊ ပြည်နယ် စီးပွာရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

မတ်လ ၁၂ ရက်မှ ၁၃ ရက်အတွင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်)မှ ညွန်ကြားရေးမှုးချုပ်နှင့် တာဝန်ရှိသူများ၊ ဒေါ်နွယ်နွယ်လွင်နှင့် အခြားပညာရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် ကယားပြည်နယ်၏ မူဝါဒလမ်းစဉ်ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။

spot_img
spot_img
spot_img

Recent posts