spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

စေတနာ့ဝန်ထမ်းဆရာ/မများအတွက် သင်ကြာရေးနည်းပညာပိုမိုအဆင့်မြှင့်လာဖို့ ၃ ရက်တာ သင်တန်းပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ပညာရေးဝန်ထမ်းဆရာ/ဆရာမများအား သင်ကြားရေး နည်းပညာများ ပိုမိုအဆင့်မြှင့်လာရေးအတွက် အလင်းသစ်လူမှုကူညီရေးအဖွဲ့ကနေ စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ၃ ရက်တာ သင်တန်းကို ဖယ်ခုံမြို့နယ် ကျေးရွာတစ်ရွာမှာ ပြုလုပ်ခဲ့ပါတယ်။

စေတနာ့ဝန်ထမ်းဆရာ/မများအား သင်ကြားရေးတွေမှာ စနစ်တကျ သင်ကြားနိုင်ရေးအတွက် သင်တန်းပြုလုပ်ရခြင်းဖြစ်တယ်လို့ အလင်းသစ်လူမှုကူညီရေးအဖွဲ့မှ ပညာ‌ရေးတာဝန်ခံ ဆရာမရိုစီအောင်က အခုလိုပြောပါတယ်။

“ကျမတို့ ဒီအကျပ်အတည်းကာလနဲ့ ဒီမတည်ငြိမ်မှုဖြစ်နေတဲ့ ကာလအတွင်းမှာ‌ပေါ့နော။ ကျမတို့ ပညာရေးအစဥ်အဆက်မပြတ်နိုင်ဖို့ အတွက်ရော စနစ်တကျသင်ကြားရေးပြုလုပ်နိုင်ဖို့အတွက်ပါ အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီသင်တန်းပေးဖြစ်တာပါ။ ဒါပထမတစ်ချက်ပေါ့နော။ နောက်တစ်ချက်က ကျမတို့ ဆရာ/ဆရာမ စေတနာ့ဝန်ထမ်းတွေအများအားဖြင့် ပါဝင်တာပေါ့နော။ ဒီလိုအချိန်လိုရင်သူတို့က သူတို့သင်ကြားကျက်မှတ်နေတဲ့ ပုဂ္ဂိုလ်လည်းမဟုတ်ဘူး။ အဲဒီအတွက် ကျမတို့ စနစ်တကျ သင်ကြားသင်ယူမှုလုပ်ငန်းစဥ်တွေ ပြုလုပ်နိုင်ဖို့ဆို ကျမတို့ ၃ ရက်တာ သင်တန်းအတွင်းမှာလည်း သင်ကြားရေးနည်းလမ်းတွေရယ် သင်ကြားမှုနည်းလမ်း နည်းပညာတွေကို ကျမတို့ မျှဝေပေးသွားတာပေါ့။” လို့ သူက ပြောပါတယ်။

အဆိုပါသင်တန်းမှာ ကျောင်းပေါင်း ၁၈ ကျောင်းမှ ကိုယ်စားပြု ဆရာ/မမှ ( ၅၀ ) ဦးခန့်တက်ရောက်ခဲ့ပါတယ်။ သင်တန်းမှာ Games ကစားနည်းဖြင့် စာသင်နိုင်ကြောင်း၊ အရေးပေါ်ရှေးဦးပြုစုနည်းတွေ သင်တန်းမှ ရရှိခဲ့ကြောင်းကို သင်တန်းတက်ရောက်သူ ဆရာမ တစ်ဦးက အခုလိုပြောပါတယ်။

“ သင်တန်းနည်းထဲမှာ သိပ်မလုပ်ဖြစ်တဲ့အရာက ဘာလဲဆိုတော့ Games ကစားနည်းတွေပေါ့နော။ Games ကစားနည်းတွေ သိပ်မလုပ်ဖြစ်ဘူး။ ပြီးတော့ ကလေးအပျင်းသက်သာအောင်ဆိုရင် Games ကစားနည်းဖြင့် စာသင်လို့ရတယ်ဆိုတဲ့ ဗဟုသုတတွေ အများကြီးရတယ်။ ပြီးတော့ ဒီရက်ဆိုရင် ‌ရှေးဦးသူနာပြုစုနည်း ဒီအတိုင်းကြားဖူးနားဝပဲ ရှိခဲ့ဖူးပေမယ်လည်း လုပ်နည်းက လုံးဝမတူဘူးဖြစ်နေတာပေါ့နော်။ ( ပတ်တီး ) ဘယ်လိုချည်ရလဲ။ ဘယ်လိုလုပ်ရလဲဆိုတာ အခုမှ အသစ်တွေရတာ အများကြီးရှိတာပေါ့နော်။” လို့ သူက ပြောပါတယ်။

၃ ရက်တာသင်တန်းအတွင်း သင်ကြားရေးနည်းလမ်းများ၊ နည်းပညာများ၊ ရှေးဦးသူနာပြုစုနည်းများ၊ လူသားခြင်းစာနာထောက်ထားခြင်းဆိုင်ရာ လုပ်ငန်းများ၊ ဗဟုတုတများ၊ PSAE အကြောင်းအရာများ သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။

အလင်းသစ်လူမှုကူညီရေးအဖွဲ့ဟာ ပညာရေးကဏ္ဍ အပြင် စစ်ဘေး ရှောင်အရေးလည်း ဆောင်ရွက်လျက်ရှိတဲ့အသင်းအဖွဲ့တခုဖြစ်ပါတယ်။

spot_img
spot_img

Recent posts