အန်ထောနီ
နိုင်ငံရပ်ခြားကနေ နေရပ်ပြန်လာတဲ့သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါ စောင့်ကြည့်လူနာအဖြစ် နေခဲ့ရတဲ့ရက်အတွင်း အတွေ့အကြုံတွေကို မေးမြန်းထားပါတယ်။
အင်္ဂလန်နိုင်ငံမှ ပြန်လာခဲ့တဲ့ ရူးဖယ်ခူရပ်ကွက် ဒီမော့ဆိုမြို့နယ်မှ မောင်ပေါလုငယ်
“ကျနော်တို့ဒီကိုပြန်ရောက်တော့ ဒီးမော့ဆိုဆေးရုံမှာ ၅ ရက်နေရသေးတယ် နောက်ပြီးတော့ အခြေအနေကကောင်းတယ်ပေါနော် အိမ်မှာပဲ ၁၄ ရက်တိတိ နေရတယ်ပေါနော်။ ဆေးရုံမှာကတော့ အစားအသောက်ပိုင်းကတော့ ကိုယ့်ဟာကိုယ်ပဲ အိမ်ကနေ လာပို့ပေးတယ်ပေါနော်။ နောက်ပြီးတော့ နေရာထိုင်ခင်းတော့ အားနည်းချက်ရှိတယ်ပေါနော်။ ခြင်ကိုက်တယ် ခြင်လည်းများတယ် ပြီးတော့ နေရာထိုင်ခင်းက အဲ့မျိုးပေါနော် ကိုယ့်ဟာကိုတစ်ယောက်တည်းနေတော့ အဲ့ဒီနေတဲ့အဆောင်က မလုံလောက်ဘူး မလုံလောက်ဘူးဆိုတာက အကာအကွယ်သိပ်မရှိဘူးပေါနော် မှန်နည်းနည်းကွဲတယ် ပြီးတော့ ပြတင်းပေါက်ဖွင့်ရပိတ်ရအဆင်မပြေတော့ ခြင်တွေဘာတွေဝင်တော့ အဆင်မပြေဘူးပေါနော်။ ဆေးရုံမှာနေတော့ ဆရာမတွေက ဆေးတွေပေးတာတွေရှိတယ် အဲ့မျိုးပေါနော် စမ်းသပ်တယ် စမ်းသပ်တယ်ဆိုတာက နှာခေါင်း၊လည်ချောင်းတွေကိုစမ်းသပ်တယ် ပြီးတော့ ဓတ်ခွဲခန်းပို့တယ် ပို့တော့အခြေအနေစောင့်ကြည့်တယ် အခြေအနေက negative ဖြစ်တယ်ဆိုပြီးအိမ်မှာပဲပြန်နေတာ။ လက်ရှိကာကွယ်ထားတဲ့အနေအထားကတော့ ကျနော့်အမြင်နဲ့ပေါနော် လုံလောက်မှုမရှိသေးဘူးထင်တယ်ပေါနော် အများကြီးလိုသေးတယ်ပေါနော် ကာကွယ်ဖို့ပေါနော် အများအားဖြင့်အိမ်မှာပဲနေဖို့ ပြီးတော့လက်ဆေးဖို့ရယ်၊ mask တပ်ဖို့ရယ် ပြီးတော့တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၆ ပေအကွာပေါ့နော် နေဖို့လိုတယ်။”
ထိုင်းနိုင်ငံမှ ပြန်လာတဲ့ ဒီးမော့ဆိုမြို့နယ် ခေါက်ပလော့ကျေးရွာနေ မောင်အောင်ထွေး
“ကျနော် ၁၄ ရက်စောင့်ကြည်လူနာအဖြင့် ရက်ပြည့်နေခဲ့ပါတယ်။ ဒီးမော့ဆိုမြို့စာသင်ကျောင်းမှာနေရပါတယ်။ အဲ့လို ၁၄ ရက်နေတဲ့အချိန်မှာ အစားအသောက် အနေအထိုင် အဆင်မပြေတာတွေရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကယားပြည်နယ်မှာကတော့ စားတာသောက်တာ လုံးဝအဆင်မပြေဘူး။ သူတို့ပုံမှန်လည်းမကျွေးဘူး အလှုုရှင်မရှိဘူးလို့ ပြောသံကြားတယ်။ ကျနော်တို့လည်း အဲ့တာတွေတော့မသိဘူး။ တစ်ခါတစ်လေတော့ကျွေးတယ် တစ်ခါတစ်လေတော့မကျွေးဘူး အဲ့လိုဖြစ်တယ်။ ဒီပေါ်မှာကတော့ သူတို့ပြောတာတော့ အလှုုရှင်မရှိဘူး အဲ့လိုပြောတော့ ကျနော်တို့လည်း အဲ့တာကိုမတတ်နိုင်တော့ဘူး။ ရောဂါပိုးကိုကာကွယ်တဲ့အနေအထားကတော့ ကျနော်တို့ ၁၄ ရက်စောင့်ကြည်လူနာတွေ အယောက်စီတိုင်း ကျနော်လိုမျိုး ၁၄ ရက်အပြည့်နေခိုင်းစေချင်တယ်။”
ထိုင်းနိုင်ငံမှ ပြန်လာတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါးငံခါးရပ်ကွက် ၂ နေ ဇိုဝါးနီ
“ကျနော်သိသလောက်ဆိုရင် ကျနော့်သူငယ်ချင်းရှိတယ် နေပြည်တော်တို့ ရန်ကုန်တို့ သူတို့ပြောပုံအရဆို တစ်ရက်သုံးနပ်ထမင်းကျွေးတာတို့ရှိတယ်။ ဒါပေမယ့်ကျနော်တို့ဒီဖက်မှာကျတော့ ပြောရမယ်ဆိုရင် သူတို့ကျွေးချင်ကျွေးတယ်။ မကျွေးချင်မကျွေးဘူး အဲ့လိုမျိုးရှိတယ်ပေါ့။ ဆိုတော့သိပ်တော့အဆင်မပြေဘူး ကြားဖူးသလောက်တော့ သူများတွေက ပံ့ပိုးပေးတယ်လို့ပြောတယ် ဒါပေမယ့်ကျနော်တို့ဖက်တော့ သိပ်ပြီးတော့ လုံလောက်မှုမရှိဘူးပေါနော်။ ဒါပေမယ့်အတိအကျတော့ မသိဘူးပေါနော်။ ဆေးဝါးအပိုင်းကျတော့ သူတို့ပြောတယ် ဆေးတွေလိုအပ်ရင် တောင်းလို့ရတယ်လို့သူတို့ပြောတယ်။ ပြီးတော့သူတို့ပုံမှန်စစ်ပါတယ် နံနက်တစ်ခေါက်ညတစ်ခေါက် mask တွေဘာတွေတော့ သူတို့ဖက်ကထုတ်ပေးတယ်။”
ထိုင်းနိုင်ငံမှ ပြန်လာတဲ့ ဒီးမော့ဆိုမြို့နယ် ဟိုဝမ်အထက်ရွာနေ မောင်မားရရ်ကို
“ အရေးထဲကလွိုင်ကော်မှာဆိုရင် အစစအရာရာအဆင်ပြေတယ်ပေါနော် ထမင်းတွေကစ ရေတွေကစ အနေအထိုင်အကုန်လုံးအဆင်ပြေတယ်။ တစ်ချို့နိုင်ငံခြားကနေပြန်လာတဲ့လူတွေ အစစ်ဆေးမခံတဲ့လူတွေက ကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့တိုင်းပြည်ကို သနားစာနာစိတ် မရှိတဲ့လူလို့ ကျနော်မြင်မိတယ်ပေါနော်။ ဘာဖြစ်လို့လဲဆိုရင် သူကလူသားဘဝမှာနေခွင့်ရပြီ ချိုလားခါးလား သူခံစားဖူးပြီ ဒါပေမယ့် သူရဲ့သားသမီးတွေက မခံစားရသေးဘူး မခံစားရသေးပဲနဲ့ သူအဲ့ဒီရောဂါကိုသယ်လာပြီးတော့မှ မိသွားရင်ငယ်သားတွေလည်း ဘဝပျက်သွားမယ်ဆိုတာသူမသိဘူးပေါ့နော။”