spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

ဆိုမိုဖေစိုးလေးမြို့နယ် (ရှားတော) မှာ ရေကြီးမှုကြောင့် နေအိမ် ၃၀ ထက်မနည်း ရေနဲ့မျောပါပြီး နှမ်းခင်းဧက ၁၀၀၀နီးပါးပျက်စီးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ရက်နေ့က ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းက ကျေးရွာသုံးရွာမှာ ရေကြီးခဲ့ပြီး နေအိမ် ၃၀ ထက်မနည်း ရေနဲ့မျောပါသွားခဲ့သလို နှမ်းခင်းဧက ၁၀၀၀ နီးပါးပျက်စီးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့က ပွန်ချောင်း၊ ဆုဖဲလော နဲ့ နော်ပလု စတဲ့ ကျေးရွာမှာ ရေကြီးမှု ဖြစ်ပွားခဲ့တာပါ။ နေအိမ်အများစု ရေနစ်မြှုပ်ခဲ့ကာ အဲ့ဒီထဲ နေအိမ် ၃၀ ထက်မနည်း ရေနဲ့မျော ပါသွားတယ်လို့ ပြောပါတယ်။

စက်တင်ဘာလ ၁၄ရက်နေ့ကစပြီး ဒီကနေ့အထိ ရေပြန်ကျသွားပြီဆိုပေမယ့် အမှိုက်သရိုက် နဲ့ လက်ကျန်ရေတွေကြောင့် သွားလာလို့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။

မျောပါသွားတဲ့နေအိမ်တွေထဲ ပွန်ချောင်းကျေးရွာ ၁၈ အိမ် ၊ ဆုဖဲလော ကျေးရွာ ၁၂အိမ် ရေနဲ့မျောပါသွားတာဖြစ်ပြီး နော်ပလုကျေးရွာကို သွားလာလို့ မရသေးတာကြောင့် အပျက်စီးကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ နေအိမ် ဆုံးရှုံးမှုအပြင် ကျေးရွာခံတွေ စိုက်ပျိုးထားတဲ့ နှမ်းခင်းဧက ၁၀၀၀ နီးပါးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Khu Nga

“ ပွန်ချောင်းက ၂၀၇ ဧက ၊ ဆုဖဲလော က ၆၉၁ ဧက ကျန်နဲ့ နော်ပလု နဲ့ သေးလဲရွာက နှမ်းခင်းအပျက်အစီး မသိရသေးဘူး။ အဲ့ကို မရောက်ရသေးလို့ ဟိုတစ်ရက်က သွားကြည့်တာ ကားဖြတ်လို့မရသေးဘူး သူတို့ဟာလည်း တော်တော်တော်ပျက်စီးတယ် နှမ်းခင်းတွေ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံကတော့ မိမိတို့နေအိမ်ကို သန့်ရှင်းရေးပြန်လုပ်ကြတာပေမယ့် ပြန်လည်နေထိုင်တာ မရှိသေးပါဘူး။ လတ်တလောမှာတော့ နေအိမ်မရှိတော့တဲ့ ဒေသခံတွေအတွက် အကူအညီလိုအပ်နေတယ်လို့လည်း အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“ဆန် ၊ ဆီ ၊ ဆား အခြေံခံစားသောက်ကုန်တွေပေါ့နော်။ ပြီးတော့ အိမ်မရှိတော့တဲ့သူတွေအတွက်က မိုးကာတွေလိုအပ်မယ်။ ပြီးတော့ပွန်ချောင်းက စစ်ဘေးရှောင်အနေနဲ့နေတယ်။ စစ်ရှောင်က တဲရော ရွာထဲက အိမ်ရောပါသွားတဲ့သူတွေရှိတယ် စစ်ရှောင်မှာဖွင့်ထားတဲ့ စာသင်ကျောင်းလဲ ရေထဲပါသွားတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။

စက်တင်ဘာလ ဒုတိယပတ်က မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ပွန်ချောင်းရေကြီးလာတာကြောင့် ဒေသခံတွေရဲ့ နေအိမ် ၊ နှမ်းခင်း အပါအဝင် သွားလာရေးအတွက် အားထားရတဲ့ ပွန်ချောင်းတံတားလည်း ရေတိုက်စားမှုကြောင့် ပျက်စီးမှုရှိခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts