spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့နယ် ရှိ စစ်ကောင်စီတပ် ခမရ (၄၂၄)ကို PNLA သိမ်းပိုက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (၄၂၄)ကို သိမ်းပိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီကနေ့ (ဇန်နဝါရီလ ၂၇ရက်) မှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၆ရက်နေ့ မှာ PNLA ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ခမရ (၄၂၄) တပ်ရင်းကို သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။

တစ်ရက်တည်းမှာပဲ နေဝင်းထွန်း ဦးဆောင်တဲ့ စစ်ကောင်စီတပ်နဲ့ PNO တပ်ဖွဲ့ တို့ ဆီဆိုင်မြို့နယ်၊ လွယ်ထွဲရွာ အနီးမှာ PNLAကို လာရောက်တိုက်ခိုက်မှုရှိခဲ့ပြီး PNLAဖက် ပြန်လည်တိုက်ထုတ်ရာမှာတော့ ပြည်သူ့စစ် အလောင်း (၁) လောင်းနဲ့ လက်နက် (၁)လက် ကျန်ရှိခဲ့တယ်လို့ ဆိုပါတယ်။

(PNLA)အနေနဲ့ ပအိုဝ်းအချင်းချင်း တိုက်ခိုက်တာတွေ မလုပ်ဆောင်လိုကြောင်း နဲ့ (PNLA)တပ်တည်ရှိတဲ့ နေရာတွေ မလာဖို့၊ စစ်ကောင်စီနဲ့ ရောနှော သွားလာတာ မလုပ်ဖို့ သတိပေးညှိနှိုင်းပေမယ့် လာရောက်တိုက်ခိုက်တဲ့အတွက် ပြန်လည်တိုက်ခိုက်ခြင်းဖြစ်ကြောင်းဆိုထားပါတယ်။

ထို့အတူ စစ်ကောင်စီကနေပြီး ဆီဆိုင်မြို့နယ်ထဲက မြို့နဲ့ ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ ဂျက်ဖိုက်တာ Y12 လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူအိုးအိမ် ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

PNLA ရဲ့ ထုတ်ပြန်ချက်မှာလည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေတဲ့ အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် ကူးပြောင်းရပ်တည်ဖို့ တိုက်တွန်းထားပါတယ်။

PNLO/ PNLA ရဲ့ ဇန်နဝါရီလ (၂၆)ရက်နေ့ ထုတ်ပြန်ချက်မှာ PNLAအနေနဲ့ NCAသဘောတူညီချက်အတိုင်း (၈)နှစ်တိုင် ရပ်တည်ခဲ့ပေမယ့် အာမခံချက်ရှိသော နိုင်ငံရေးရလဒ်များ ရရှိခြင်း မရှိခဲ့ကြောင်း ဖော်ပြထားပြီး စစ်အာဏာရှင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ ဘဝတူညီနှောင်မဟာမိတ်တွေနဲ့ ဆင်နွှဲသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

spot_img
spot_img
spot_img

Recent posts