- ကယားပြည်နယ်နေ့ အခမ်းအနားတက်ရောက်ဖို့ လွိုင်ကော်ကိုရောက်နေတဲ့ ဒုစစ်ခေါင်းဆောင်ကို BWM အဖွဲ့က ရှော့တိုက်ဒုံးပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ့်ဒေသကို ဖျက်ဆီးနေကြပြီး နိုင်ငံရေးအရ ရင့်ကျက်မှုမရှိဘူးလို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွပ်စွဲပြောဆိုပါတယ်။
- မိုးဗြဲမြို့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေပါတယ်။ စတဲ့သတင်းတွေကို ကြည့်ရှုနားဆင်ရမှာပါ။
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းရုပ်သံသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး နဲ့ ကရင်နီပြည်သူပြည်သားအားလုံး ဘေးကင်းလုံခြုံပြီး စိတ်နှလုံး အေးချမ်းကြပါစေရှင်….။ ကျမ မော်လေးမြာပါ…..