- လေကြောင်းတိုက်ခိုက်ခံရမှုတွေ များလာတာကြောင့် ဗုံးခိုကျင်း မဖြစ်မနေတူးကြဖို့ အုပ်ချုပ်ရေးမှူးတွေ ညွှန်ကြားထားပါတယ်။
- ကားဝပ်ရှော့ (ကားပြုပြင်ရေး) ဆိုင်တွေမှာ လာရောက်ပြုပြင်တဲ့ ကားတွေရဲ့ ဆီ ခိုးယူဖောက်ချတာ၊ ပစ္စည်းလဲတာတွေ ရှိနေတဲ့အတွက် လာရောက်တိုင်ကြားနိုင်ကြောင်း KSP က ပြောပါတယ်။
- ဖရူဆိုမြို့နယ်က ငရုပ်စိုက်တောင်သူတွေ ယခုနှစ်အတွင်း ဈေးကောင်းရတယ်လို့ တောင်သူတွေကပြောပါတယ်။
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းရုပ်သံသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး နဲ့ ကရင်နီပြည်သူပြည်သားအားလုံး ဘေးကင်းလုံခြုံပြီး စိတ်နှလုံး အေးချမ်းကြပါစေရှင်….။ ကျမ မော်လေးမြာပါ…..